Zawgyi

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ Google Pixel 4 စမတ္ဖုန္းေတြဟာ Display ပိုင္းမွာ 60Hz ကေန 90Hz ကို ေျပာင္းလဲႏိုင္တဲ့ Smooth Display နည္းပညာကို ထည့္သြင္းထားတဲ့ စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဆိုပါ Smooth Display ဟာ အေစာပိုင္းမွာ ျပႆနာအနည္းငယ္နဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒါကေတာ့ 90Hz Refresh Rate ကို Pixel 4 စမတ္ဖုန္းေတြက Support ျပဳလုပ္တယ္ဆိုေပမယ့္ တကယ္တမ္းမွာေတာ့ Screen Brightness 75% နဲ႔ အထက္မွာပဲ အဆိုပါ 90Hz Refresh Rate ကို အသုံးျပဳႏိုင္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pixel 4 စမတ္ဖုန္းေတြဟာ ေဝဖန္မႈေတြခံခဲ့ရသလို Google ကိုယ္တိုင္ကလည္း လာမယ့္ ရက္သတၱပတ္အတြင္းမွာ ျပင္ဆင္ေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခုအခ်ိန္မွာ November 2019 Security Patch Update နဲ႔အတူ Pixel 4 ေတြရဲ႕ Smooth Display ျပႆနာကို ေျဖရွင္းလိုက္ၿပီျဖစ္ပါတယ္။ Google ကေတာ့ အခု Update နဲ႔အတူ 90Hz Refresh Rate ဟာ Brightness အေျခအေနမ်ိဳးစုံမွာ အသုံးျပဳႏိုင္မွာျဖစ္တယ္လို႔ သိရၿပီး အေစာပိုင္းစမ္းသပ္မႈေတြအရေတာ့ 45% Brightness ကေန စတင္ၿပီးေတာ့ 90Hz Refresh Rate နဲ႔ အလုပ္လုပ္ေနတာျဖစ္ပါတယ္။

ဒ့ါအျပင္ Pixel 4 စမတ္ဖုန္းေတြဟာ တျခားေသာ Camera Quality ပိုင္းမွာလည္း Improve ျဖစ္လာသလို တျခားေသာ Bugs ေတြကိုလည္း အခု November 2019 Security Patch Update နဲ႔အတူ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

တစ္ခုထူးဆန္းတာက ဒီ November 2019 Security Patch Update ကို Original Pixel နဲ႔ Pixel XL ဖုန္းေတြက ရရွိျခင္းမရွိေတာ့ဘဲ Pixel 2 Series ဖုန္းေတြကေန စတင္ၿပီးရရွိလာတာျဖစ္ပါတယ္။

Ref – 9to5Google

Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Google Pixel 4 စမတ်ဖုန်းတွေဟာ Display ပိုင်းမှာ 60Hz ကနေ 90Hz ကို ပြောင်းလဲနိုင်တဲ့ Smooth Display နည်းပညာကို ထည့်သွင်းထားတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Smooth Display ဟာ အစောပိုင်းမှာ ပြဿနာအနည်းငယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့ 90Hz Refresh Rate ကို Pixel 4 စမတ်ဖုန်းတွေက Support ပြုလုပ်တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ Screen Brightness 75% နဲ့ အထက်မှာပဲ အဆိုပါ 90Hz Refresh Rate ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 4 စမတ်ဖုန်းတွေဟာ ဝေဖန်မှုတွေခံခဲ့ရသလို Google ကိုယ်တိုင်ကလည်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ ပြင်ဆင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ November 2019 Security Patch Update နဲ့အတူ Pixel 4 တွေရဲ့ Smooth Display ပြဿနာကို ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ Google ကတော့ အခု Update နဲ့အတူ 90Hz Refresh Rate ဟာ Brightness အခြေအနေမျိုးစုံမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပြီး အစောပိုင်းစမ်းသပ်မှုတွေအရတော့ 45% Brightness ကနေ စတင်ပြီးတော့ 90Hz Refresh Rate နဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။

ဒ့ါအပြင် Pixel 4 စမတ်ဖုန်းတွေဟာ တခြားသော Camera Quality ပိုင်းမှာလည်း Improve ဖြစ်လာသလို တခြားသော Bugs တွေကိုလည်း အခု November 2019 Security Patch Update နဲ့အတူ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

တစ်ခုထူးဆန်းတာက ဒီ November 2019 Security Patch Update ကို Original Pixel နဲ့ Pixel XL ဖုန်းတွေက ရရှိခြင်းမရှိတော့ဘဲ Pixel 2 Series ဖုန်းတွေကနေ စတင်ပြီးရရှိလာတာဖြစ်ပါတယ်။

Ref – 9to5Google