Android Keyboard တွေထဲက အကောင်းဆုံးတစ်ခုဖြစ်တဲ့ Google ရဲ့ Gboard မှာ ကိုယ်စိတ်ကြိုက် GIF လေးတွေ လုပ်လို့ရလာပြါ့ပီ။ GIF တွေကို Facebook Messenger လိုမျိုးမှာနဲ့ Facebook Comment တွေမှာ အသုံးများလာတာကြောင့် ကိုယ့်စိတ်ကြိုက် GIF လုပ်ချင်သူတွေအတွက်တော့ Gboard နဲ့တင် အဆင်ပြေမှာပါ။

Google က Gboard ကို အရင်ကထက်ပိုကောင်းလာအောင် အမြဲ Update လုပ်နေခဲ့ပါတယ်။ အခုတော့ နောက်ဆုံး Feature အသစ်အနေနဲ့ Custom GIF Feature ကိုထည့်ပေးလိုက်တာပါ။ Gboard မှာပါတဲ့ G Button လေးထဲမှာ GIF Menu ထဲကို ထည့်ပေးထားတာပါ။ My GIFs Tab ကနြေ့ပီး ကိုယ်တိုင် GIF တစ်ခုကို ဖန်တီးလို့ရပါတယ်။

Google ကအခုလိုထည့်ပေးလာတာက အရင်ကထက် Gboard အသုံးပြုသူပိုများလာစေဖို့ ဆွဲဆောင်တာလည်းဖြစ်ပါတယ်။ လူတွေပိုစိတ်ဝင်စားတဲ့ Feature တွေဆိုတာထက် လူတွေအသုံးများတဲ့ Feature မျိုးတွေကို ထည့်ပေးတာမျိုးပါ။ Google ကတော့ သူတို့ရဲ့ App တွေနဲ့ပတ်သက်လာရင် အမြဲ ကောင်းအောင်လုပ်နေပါတယ်။

အခု Custom GIF Feature က iOS Gboard App မှာရနေခဲ့တာ ကြာပါပြီ။ အခုမှာ Android Version အတွက် Google ကထည့်ပေးလာတာပါ။ စိတ်မကောင်းစရာကတောာ့ လက်ရှိ Android ဖုန်းအားလုံးမှာ ဒီ Custom GIF Feature ကသုံးလို့မရသေးပါဘူး။ Google ရဲ့ Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေမှာပဲ စမ်းသပ်အဆင့်နဲ့ပဲ သုံးလို့ရပါသေးတယ်။ ဒါပေမယ့် နောက် တစ်ပတ် နှစ်ပတ်လောက်မှာတော့ ဖုန်းအားလုံးမှာ အသုံးပြုလာနိုင်မယ်လို့ ယူဆရပါတယ်။