Zawgyi





Ref – Android Authority

Unicode

Google ကနေ Android Go OS သုံးစမတ်ဖုန်းတွေနဲ့ Internet Connection အခက်အခဲရှိတဲ့နေရာတွေအတွက် Google Go Application ကို မိတ်ဆက်ပေးလိုက်ပါပြီ။ အခု Google Go App ဟာ File Size အနေနဲ့ 7MB ပဲရှိမှာဖြစ်ပြီး Feature တွေအများအပြားပါဝင်နေတာဖြစ်ပါတယ်။

Google Go Application ဟာဆိုရင် File Size သေးတယ်ဆိုပေမယ့် ပုံမှန် Google Application မှာပါဝင်တဲ့ Search ၊ Lens ၊ Translate နဲ့ Feature အများအပြားကို အသုံးပြုနိုင်တဲ့အတွက် တော်တော်လေးကို Powerful ဖြစ်တယ်လို့ ပြောရမှာပါ။ ဒ့ါအပြင် Google Go ဟာ ပုံမှန် Google App ထက် Data စားသက်သာမှာဖြစ်တဲ့အပြင် နှေးကွေးတဲ့ Connection မှာလည်း အလုပ်လုပ်နိုင်တာက အားသာချက်လို့ပြောလို့ရပါတယ်။

ဒ့ါအပြင် Unicode ကို အသုံးပြုနေတယ်ဆိုရင်လည်း ဒီ Google Go App ကို အသုံးပြုပြီးတော့ Voice Command တွေ၊ Translate လုပ်ခိုင်းတာတွေကိုလည်း ခိုင်းစေနိုင်ဦးမှာဖြစ်ပါတယ်။

အခု Google Go Application ဟာ အဓိကအနေနဲ့ RAM နဲ့ Performance နိမ့်တဲ့ Low End ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့အတွက် Android 5.0 Lollipop နဲ့ အထက်ရှိတဲ့ ဖုန်းအားလုံးနီးပါးမှာ အဆင်ပြေမှာဖြစ်ပါတယ်။

Ref – Android Authority