Google ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေမှာ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။​ နောက်ဆုံးသိရှိရတဲ့ သတင်းတွေအရတော့ ယခုနှစ်လယ်ပိုင်းမှာ မိတ်ဆက်လာဖို့ရှိနေတဲ့ Pixel 6a ဖုန်းမှာလည်း Tensor Chip ကိုပဲ​အသုံးပြုလာဦးမှာပါ။

ဒါပေမယ့် Pixel 7 Series လိုမျိုး ဖုန်းမှာတော့ Google ကနေ ပိုအဆင့်မြှင့်တင်ထားတဲ့ 2nd Gen Tensor Chip ကို မိတ်ဆက်လာနိုင်ပါတယ်​။​ အခုအချိန်အထိတော့ Google Tensor Chip နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် သတင်းအချို့ထွက်ပေါ်လာခဲ့ပါပြီ။​

ဒါကတော့ Google ကနေ 2nd Gen Tensor Chip ရဲ့ Camera Image Signal Processor (ISP) အတွက် ကျွမ်းကျင်သူတွေကို ဌားရမ်းနေပြီလို့ သိရပါတယ်။​ အဆိုပါ 2nd Gen Tensor Chip ဟာ Codename အနေနဲ့ “Cloudripper” လို့ နာမည်ပေးထားတာဖြစ်ပါတယ်။​

Google ဟာ 2nd Gen Tensor Chip ကို ယခု ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ တရားဝင်မိတ်ဆက်သွားဖွယ်ရှိပြီး Pixel 7 Series တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။​ First Gen Tensor Chip ဟာ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon နဲ့ Apple A15 Chip တွေကို မယှဥ်နိုင်ခဲ့ပေမယ့်လည်း AI ပိုင်းမှာ တော်တော်ကောင်းခဲ့တာကြောင့် 2nd Gen Tensor Chip ကလည်း AI ပိုင်းကိုပဲ​ အာရုံစိုက်သွားဖွယ်ရှိနေပါတယ်။​

Ref – Gizmo China