[Zawgyi]

ဒီေန႔ဟာ Huawei အတြက္ ကံဆိုးမိုးေမွာင္ က်တဲ့ ေန႔တေန႔လို႔ ေျပာရမွာပါ။ အခုဆိုရင္ Google ဟာ Huawei နဲ႔ ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းမွန္သမွ်ကို ရပ္ဆိုင္းေတာ့မယ္လို႔ သိရပါတယ္။ ဆိုလိုတာက Huawei P30, P30 Pro နဲ႔ Mate 20 Pro အပါအဝင္ လက္ရွိ Huawei စမတ္ဖုန္းေတြ အားလုံး Google က ထုတ္လႊင့္ေပးတဲ့ Android Updates ေတြ ရရွိေတာ့မွာ မဟုတ္သလို ေနာင္ထြက္မယ့္ တ႐ုတ္ျပည္ ျပင္ပက Huawei စမတ္ဖုန္းေတြမွာလည္း Google Service ေတြ ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။

Huawei အေနနဲ႔ Google က ထုတ္ေပးထားတဲ့ Android Open Source Project (AOSP) ကိုေတာ့ အသုံးျပဳခြင့္ ရရွိဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Google ရဲ႕ နည္းပညာပိုင္းဆိုင္ရာ ေထာက္ပံ့မႈေတြကို ဆုံးရႈံးသြားမွာျဖစ္သလို နာမည္ႀကီး Applications ေတြျဖစ္တဲ့ Play Store အပါအဝင္ Gmail, YouTube နဲ႔ Chrome တို႔လိုမ်ိဴး Google က ထုတ္လုပ္ထားတဲ့ Applications မွန္သမွ်ကိုလည္း အသုံးျပဳခြင့္ ရရွိေတာ့မွာ မဟုတ္ပါဘူး။ Huawei ကေတာ့ သူတို႔အေနနဲ႔ ကိုယ္ပိုင္ Operating System (OS) တစ္ခု တည္ေဆာက္ထားၿပီး အသုံးျပဳဖို႔ အဆင္သင့္ ျဖစ္ေနၿပီ ျဖစ္ေၾကာင္း တခ်ိန္တုန္းက ေျပာၾကားခဲ့ဖူးပါတယ္။

အေမရိကန္ကုန္သြယ္ေရးဌာနဟာ Huawei Technologies Co Ltd ကို (Blacklist) နာမည္ပ်က္စာရင္းထဲမွာ ထည့္သြင္းလိုက္ၿပီ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက ေၾကညာခဲ့ပါတယ္။ အဆိုပါ ေၾကညာခ်က္ ထြက္ေပၚခဲ့ၿပီး သိပ္မၾကာခင္မွာပဲ Google က Huawei ကို အဆက္ျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ကြယ္မွာ ဘယ္လိုမ်ိဴး အေၾကာင္းအရာေတြ ရွိေနမလဲ၊ အေမရိကန္က Google ကို ဘယ္လိုမ်ိဴး ဖိအားေတြ ေပးထားလဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔လည္း အတိအက် မသိရပါဘူး။ ဒါေပမယ့္ Huawei ရဲ႕ အနာဂတ္ႀကီးကေတာ့ မရႈ႕မလွနဲ႔ ေတာ္ေတာ္ေလး ႐ုန္းကန္ရဦးမယ့္ အေနအထားပါ။

Ref : Android Authority

[Unicode]

Huawei ဖုန်းအားလုံး Google Android ထောက်ပံ့မှု မရရှိနိုင်တော့

ဒီနေ့ဟာ Huawei အတွက် ကံဆိုးမိုးမှောင် ကျတဲ့ နေ့တနေ့လို့ ပြောရမှာပါ။ အခုဆိုရင် Google ဟာ Huawei နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ ဆိုလိုတာက Huawei P30, P30 Pro နဲ့ Mate 20 Pro အပါအဝင် လက်ရှိ Huawei စမတ်ဖုန်းတွေ အားလုံး Google က ထုတ်လွှင့်ပေးတဲ့ Android Updates တွေ ရရှိတော့မှာ မဟုတ်သလို နောင်ထွက်မယ့် တရုတ်ပြည် ပြင်ပက Huawei စမတ်ဖုန်းတွေမှာလည်း Google Service တွေ ပါဝင်တော့မှာ မဟုတ်ပါဘူး။

Huawei အနေနဲ့ Google က ထုတ်ပေးထားတဲ့ Android Open Source Project (AOSP) ကိုတော့ အသုံးပြုခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Google ရဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကို ဆုံးရှုံးသွားမှာဖြစ်သလို နာမည်ကြီး Applications တွေဖြစ်တဲ့ Play Store အပါအဝင် Gmail, YouTube နဲ့ Chrome တို့လိုမျိူး Google က ထုတ်လုပ်ထားတဲ့ Applications မှန်သမျှကိုလည်း အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ Huawei ကတော့ သူတို့အနေနဲ့ ကိုယ်ပိုင် Operating System (OS) တစ်ခု တည်ဆောက်ထားပြီး အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း တချိန်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei Technologies Co Ltd ကို (Blacklist) နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက် ထွက်ပေါ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ Google က Huawei ကို အဆက်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ကွယ်မှာ ဘယ်လိုမျိူး အကြောင်းအရာတွေ ရှိနေမလဲ၊ အမေရိကန်က Google ကို ဘယ်လိုမျိူး ဖိအားတွေ ပေးထားလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း အတိအကျ မသိရပါဘူး။ ဒါပေမယ့် Huawei ရဲ့ အနာဂတ်ကြီးကတော့ မရှု့မလှနဲ့ တော်တော်လေး ရုန်းကန်ရဦးမယ့် အနေအထားပါ။

Ref : Android Authority