[Zawgyi]

Google Inbox ကို Gmail ရဲ႕ အနာဂတ္ ျဖစ္လာႏိုင္တယ္လို႔ ယူဆခဲ့ၾကေပမယ့္ အခုေတာ့ အထင္နဲ႔အျမင္ လြဲခဲ့ရပါၿပီ။ Google Inbox ဟာ အဆင့္ျမင့္ Filtering လုပ္ႏိုင္ဖို႔၊ Message ေတြ Snooze လုပ္ဖို႔၊ Gmail ရဲ႕ Inbox ကို ပိုၿပီး ၾကည့္လို႔ေကာင္းလာေစဖို႔ စတဲ့ ေထာက္ပံ့မႈေကာင္းေတြကို ေပးခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ Google Inbox အတြက္ ေနဝင္ခ်ိန္ကို သတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ Google ဟာ Inbox is signing off ဆိုတဲ့ စာသားနဲ႔ ႏႈတ္ဆက္စာကို ပို႔ၿပီးတဲ့ေနာက္ Gmail သစ္ထဲမွာ အသုံးျပဳသူေတြ အႀကိဳက္ဆုံး Feature ကို ေမးျမန္းထားတာနဲ႔အတူ Inbox ရဲ႕ ေနာက္ဆုံးရက္ကို အသိေပးေဖာ္ျပထားတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Inbox ဟာ မတ္လကုန္ဆုံးခ်ိန္မွာ အဆုံးသတ္သြားမွာျဖစ္ၿပီး Inbox app ကေတာ့ ဧၿပီလ ၂ ရက္ေန႔မွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။ Google အေနနဲ႔ Inbox ရဲ႕ Features ေတြ အကုန္လုံးကို Gmail ဆီ ယူေဆာင္သြားမွာမဟုတ္ေပမယ့္ အခ်ိဳ႕ကိုေတာ့ ယူေဆာင္သြားမွာ ျဖစ္ပါတယ္။ Inbox အသုံးျပဳသူအမ်ားစုအေနနဲ႔ inline highlighting of inline highlighting, Inbox ထဲမွာ Links ေတြသိမ္းတာမ်ိဳးလို Feature မ်ိဳးေတြေတာ့ နည္းနည္း ကေမာက္ကမျဖစ္သြားႏိုင္ပါတယ္။

Inbox ကို ပိတ္သိမ္းမယ္ဆိုေတာ့ သူ႔ေနရာမွာ အျခား Email client တစ္ခုျဖစ္တဲ့ Spark ဝင္ေရာက္လာဖြယ္ရွိပါတယ္။ Spark ကလည္း Android အတြက္ ျဖန႔္ေတာ့မယ္လို႔ သိရပါတယ္။ ျဖန႔္သင့္တဲ့အခ်ိန္ေကာင္းလည္း ျဖစ္ပါတယ္။ တြစ္တာမွာ ထြက္ေပၚေနတဲ့ သတင္းေတြအရလည္း Spark ဟာ Inbox ရဲ႕ ေနရာကို အစားထိုး ဝင္ေရာက္ဖြယ္ရွိတယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSMArena

[Unicode]

ပိတ်သွားမယ့် Google Inbox နေရာမှာ အစားထိုး ဝင်ရောက်လာဖွယ်ရှိတဲ့ Spark

Google Inbox ကို Gmail ရဲ့ အနာဂတ် ဖြစ်လာနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် အခုတော့ အထင်နဲ့အမြင် လွဲခဲ့ရပါပြီ။ Google Inbox ဟာ အဆင့်မြင့် Filtering လုပ်နိုင်ဖို့၊ Message တွေ Snooze လုပ်ဖို့၊ Gmail ရဲ့ Inbox ကို ပိုပြီး ကြည့်လို့ကောင်းလာစေဖို့ စတဲ့ ထောက်ပံ့မှုကောင်းတွေကို ပေးခဲ့တာပါ။

အခုအချိန်မှာတော့ Google Inbox အတွက် နေဝင်ချိန်ကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ Google ဟာ Inbox is signing off ဆိုတဲ့ စာသားနဲ့ နှုတ်ဆက်စာကို ပို့ပြီးတဲ့နောက် Gmail သစ်ထဲမှာ အသုံးပြုသူတွေ အကြိုက်ဆုံး Feature ကို မေးမြန်းထားတာနဲ့အတူ Inbox ရဲ့ နောက်ဆုံးရက်ကို အသိပေးဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Inbox ဟာ မတ်လကုန်ဆုံးချိန်မှာ အဆုံးသတ်သွားမှာဖြစ်ပြီး Inbox app ကတော့ ဧပြီလ ၂ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ Google အနေနဲ့ Inbox ရဲ့ Features တွေ အကုန်လုံးကို Gmail ဆီ ယူဆောင်သွားမှာမဟုတ်ပေမယ့် အချို့ကိုတော့ ယူဆောင်သွားမှာ ဖြစ်ပါတယ်။ Inbox အသုံးပြုသူအများစုအနေနဲ့ inline highlighting of inline highlighting, Inbox ထဲမှာ Links တွေသိမ်းတာမျိုးလို Feature မျိုးတွေတော့ နည်းနည်း ကမောက်ကမဖြစ်သွားနိုင်ပါတယ်။

Inbox ကို ပိတ်သိမ်းမယ်ဆိုတော့ သူ့နေရာမှာ အခြား Email client တစ်ခုဖြစ်တဲ့ Spark ဝင်ရောက်လာဖွယ်ရှိပါတယ်။ Spark ကလည်း Android အတွက် ဖြန့်တော့မယ်လို့ သိရပါတယ်။ ဖြန့်သင့်တဲ့အချိန်ကောင်းလည်း ဖြစ်ပါတယ်။ တွစ်တာမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း Spark ဟာ Inbox ရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

Ref: GSMArena