Google က Android နဲ့ iOS တို့ရဲ့ Google Search App က Search Labs Tab အောက်မှာ Tool အသစ် တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ Tool အသစ်ဟာ Search Generative Experience (SGE) ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး Google AI Chatbot Bard နဲ့ မတူတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ အခု Tool က ရှာဖွေမှုရလဒ်တွေ ပိုကောင်းစေဖို့ ရည်ရွယ်ထားပြီး မကြာခင် Chrome မှာ ရတော့မှာပါ။

Google introduces a new AI search tool that shortens lengthy articles into key points

SGE ရဲ့ လုပ်ဆောင်ချက်အသစ်ရဲ့ ရည်ရွယ်ချက်က User တွေ ဆောင်းပါးရှည်တွေကို ဖတ်ရတာ ပိုအဆင်ပြေစေဖို့ ဖြစ်ပြီး အဓိက အချက်တွေကို အတိုချုပ် ပြသပေးပါတယ်။ ဆောင်းပါး အကြောင်းအရာတွေနဲ့ ရင်းနှီးမှု မရှိတဲ့ သူတွေအတွက် ပိုအသုံးဝင်ပါတယ်။ Google က ဒီလုပ်ဆောင်ချက်ဟာ အခကြေးငွေပေးပြီး ဖတ်ရတဲ့ ဆောင်းပါးတွေမှာ အလုပ်မလုပ်ဘူးလို့ ပြောပါတယ်။

Google is reportedly developing a new AI-powered search engine | Engadget

ပြသပေးတဲ့ အဓိက အချက်တွေမှာ လင့်တွေ ထည့်ထားပြီး Generative Tool က သတင်းအချက်အလက် ရယူထားတဲ့ နေရာကို ပို့‌‌ဆောင်ပေးပါတယ်။ အဲဒီအတွက် User တွေက သတင်းအချက်အလက်တွေကို စစ်ဆေးနိုင်ပြီး တခြား သတင်းအချက်အလက်တွေကိုပါ လေ့လာနိုင်မှာပါ။ User တွေရဲ့ မေးခွန်းတွေကို ဖြေပေးဖို့ အဲဒီ Tool က ဆောင်းပါးမှ အဖြေတွေကို ထုတ်ပေးနိုင်ပါတယ်။

လက်ရှိမှာ အဲဒီလုပ်ဆောင်ချက် အသစ်ကို Search Labs အောက်မှာ အင်္ဂလိပ် ဘာသာစကားနဲ့ပဲ သုံးနိုင်ပြီး အမေရိကန်မှာပဲ ရပါသေးတယ်။ နိုင်ငံတကာမှာ ဖြန့်ချိမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena