Google ဟာ Android အစောပိုင်းကာလကတည်းက စမတ်ဖုန်းတွေမှာ ရှာဖွေမှု နည်းလမ်းများစွာကို စမ်းသပ်ခဲ့ပြီး နောက်ဆုံး တီထွင်မှုက စက်ဝိုင်းတွေ ရေးဆွဲတာ ဖြစ်ပါတယ်။ Circle to Search က စမတ်ဖုန်း Screen မှာ စက်ဝိုင်းပုံ ရေးဆွဲပြီး သတင်းအချက်အလက်တွေ ရှာဖွေနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ရဲ့ အမည်က Circle to Search ဖြစ်ပေမယ့် စာသားတွေကိုလည်း ရှာဖွေပေးနိုင်ပါတယ်။

Google introduces Circle to Search on Android

Circle to Search ဟာ ဖုန်းရဲ့ ဘယ်နေရာမှာ မဆို အလုပ်လုပ်ပြီး Home Button ကို ဖိပြီးနောက် စက်ဝိုင်း ရေးဆွဲရမှာ ဖြစ်ပါတယ်။ Google က Screenshot လုပ်ပြီး Google Lens မှာ ရှာဖွေတာထက် Circle to Search က ပိုမို အဆင်ပြေလွယ်ကူတယ်လို့ ပြောပါတယ်။

Circle to Search မှာ Google Lens မှာ ထည့်သွင်းထားတဲ့ AI အခြေပြု Multisearch လုပ်ဆောင်ချက်ကို အသုံးပြုထားပါတယ်။ Multisearch မှာ Multimodal Search Queries ကို အသုံးပြုထားတဲ့အတွက် စာသားနဲ့ ဓါတ်ပုံတွေကို အသုံးပြုကာ Google App မှာ Search Parameters တွေကို ပြောင်းလဲနိုင်ပါတယ်။

အခုဆိုရင် အိုင်ဒီယာတွေနဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်ပြီ ဖြစ်ပြီး Google က Pages တွေကို Scroll လုပ်စရာ မလိုဘဲ Answer Box မှာ အဖြေကို အကျဉ်းချုပ်ပြသပေးမှာပါ။

Circle to Search ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိမှာ ဖြစ်ပြီး အစောပိုင်းမှာ Pixel 8 Series နဲ့ Samsung Galaxy S24 Series မှာ ရကြမှာပါ။ ဒီနှစ်နှောင်းပိုင်းမှာ အဲဒီလုပ်ဆောင်ချက်ကို ပရီမီယမ် Android စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးမယ်လို့ ထင်ရပါတယ်။

Ref : gsmarena