Google က ရာသီဥတု ကြိုတင်ခန့်မှန်းဖို့အတွက် AI ကို အသုံးချနေပါတယ်။ Google က ၂၅ ရက်အထိ ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တဲ့ GenCast AI ကို ကြေညာလိုက်ပြီး လက်ရှိမှာ စွမ်းရည်အမြင့်ဆုံး စနစ် ဖြစ်တဲ့ ECMWF ရဲ့ ENS ထက် ပိုကောင်းပါတယ်။

Google introduces GenCast, an AI model for weather forecasting

GenCast ကို ECMWF ရဲ့ ဆယ်စုနှစ် ၄ ခုကြာ ဒေတာတွေနဲ့ လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ စမ်းသပ်ဖို့အတွက် Google က ၂၀၁၈ ခုနှစ်အထိ ရာသီဥတု ဒေတာတွေနဲ့ ၂၀၁၉ ခုနှစ်မှ ရာသီဥတု ခန့်မှန်းချက် ၁,၃၂၀ နဲ့ GenCast ကို လေ့ကျင့် သင်ကြားပေးခဲ့ပြီး ENS ၊ တကယ့် ရာသီဥတုနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ GenCast ဟာ ENS ထက် ပိုတိကျပြီး ရာခိုင်နှုန်း အနေနဲ့ ၉၇.၂ ရာခိုင်နှုန်း ရှိပါတယ်။ ၃၆ နာရီအတွက် ကြိုတင်ခန့်မှန်းမှုမှာ ၉၉.၈ ရာခိုင်နှုန်းအထိ တိကျပါတယ်။

Tech Wire Asia

GenCast ကြောင့် အစိုးရ အာဏာပိုင်တွေဟာ ဆိုးရွားတဲ့ ရာသီဥတုကို ကြိုတင်ကာကွယ်တဲ့အခါ အချိန် ပိုမို ရရှိမှာ ဖြစ်ပါတယ်။ GenCast ဟာ Wind Farms အနားမှ လေတိုက်နှုန်းနဲ့ Solar Farms အပေါ်က ရာသီဥတုကိုလည်း ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

Google က GenCast ဟာ ၈ မိနစ်အတွင်း ၁၅ ရက်ကို ကြိုတင်ခန့်မှန်းနိုင်တယ်လို့ ပြောပါတယ်။ သမားရိုးကျ ရာသီဥတု ခန့်မှန်းတဲ့ စနစ်တွေမှာ စူပါကွန်ပြူတာတွေကို သုံးရင်တောင် နာရီများစွာ ကြာမြင့်ပါတယ်။

Ref: Gsmarena