Unicode

ဘာသာစကားတွေအများအပြားကို ဘာသာပြန်ပေးနိုင်တဲ့ Google Translate ဟာဆိုရင် အခုအချိန်မှာ နောက်ထပ် အသုံးဝင်တဲ့ Feature တစ်ခုကို ရရှိလာတော့မှာပါ။ ဒါကတော့ လက်ရှိဘာသာစကားလေ့လာနိုင်တဲ့ Duolingo လိုမျိုး App တွေမှာပါဝင်တဲ့ Flashcard Feature ကို Translate မှာပါ ထည့်သွင်းပေးလာတော့မှာပဲဖြစ်ပါတယ်။

အခု Flashcard Feature ဟာဆိုရင် အသုံးများတဲ့ စကားလုံးတွေ၊ စာသားတွေကို Card ပုံစံနဲ့ Phrasebook ထဲမှာ သိမ်းထားနိုင်တာဖြစ်ပြီး ဥပမာ “Hello” ၊ “Morning” ၊ “Good Night” စတဲ့ စကားလုံးတွေကို အလွယ်တကူ ဘာသာပြန်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ Feature ဟာ Duolingo လိုမျိုး ဘာသာစကားသင်ယူဖို့အထိတော့ မစွမ်းဆောင်နိုင်သေးပေမယ့် ခရီးသွားတဲ့အချိန်မျိုးမှာ သိသိသာသာကို ပိုပြီး မြန်ဆန်လာမှာပါ။

ဒီသတင်းကိုတော့ Developer Jane Manchun Wong ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ လောလောဆယ်မှာ Internal Testing စတင်ပြုလုပ်နေပြီဖြစ်ပြီး မကြာခင်မှာ Feature Update တစ်ခုအနေနဲ့ ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google Translate ဟာ အခုနောက်ပိုင်းမှာ Language တွေအများအပြားကို Support ပြုလုပ်လာတဲ့အပြင် Camera နဲ့ Auto Translate လုပ်နိုင်တဲ့ Feature တွေအပြင် တခြားသော Feature အများအပြားပါဝင်နေတဲ့အတွက် လူတိုင်းဆောင်ထားသင့်တဲ့ App တစ်ခုလို့တောင် ပြောလို့ရပါတယ်။

Ref – Android Central

Zawgyi

ဘာသာစကားေတြအမ်ားအျပားကို ဘာသာျပန္ေပးႏိုင္တဲ့ Google Translate ဟာဆိုရင္ အခုအခ်ိန္မွာ ေနာက္ထပ္ အသုံးဝင္တဲ့ Feature တစ္ခုကို ရရွိလာေတာ့မွာပါ။ ဒါကေတာ့ လက္ရွိဘာသာစကားေလ့လာႏိုင္တဲ့ Duolingo လိုမ်ိဳး App ေတြမွာပါဝင္တဲ့ Flashcard Feature ကို Translate မွာပါ ထည့္သြင္းေပးလာေတာ့မွာပဲျဖစ္ပါတယ္။

အခု Flashcard Feature ဟာဆိုရင္ အသုံးမ်ားတဲ့ စကားလုံးေတြ၊ စာသားေတြကို Card ပုံစံနဲ႔ Phrasebook ထဲမွာ သိမ္းထားႏိုင္တာျဖစ္ၿပီး ဥပမာ “Hello” ၊ “Morning” ၊ “Good Night” စတဲ့ စကားလုံးေတြကို အလြယ္တကူ ဘာသာျပန္ေပးႏိုင္မွာျဖစ္ပါတယ္။ ဒီ Feature ဟာ Duolingo လိုမ်ိဳး ဘာသာစကားသင္ယူဖို႔အထိေတာ့ မစြမ္းေဆာင္ႏိုင္ေသးေပမယ့္ ခရီးသြားတဲ့အခ်ိန္မ်ိဳးမွာ သိသိသာသာကို ပိုၿပီး ျမန္ဆန္လာမွာပါ။

ဒီသတင္းကိုေတာ့ Developer Jane Manchun Wong ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ ေလာေလာဆယ္မွာ Internal Testing စတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး မၾကာခင္မွာ Feature Update တစ္ခုအေနနဲ႔ ရရွိလာႏိုင္ဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Google Translate ဟာ အခုေနာက္ပိုင္းမွာ Language ေတြအမ်ားအျပားကို Support ျပဳလုပ္လာတဲ့အျပင္ Camera နဲ႔ Auto Translate လုပ္ႏိုင္တဲ့ Feature ေတြအျပင္ တျခားေသာ Feature အမ်ားအျပားပါဝင္ေနတဲ့အတြက္ လူတိုင္းေဆာင္ထားသင့္တဲ့ App တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

Ref – Android Central