[Zawgyi]

အိႏၵိယႏိုင္ငံဟာ ကမာၻ႔ လူဦးေရအမ်ားဆုံး ႏိုင္ငံေတြထဲမွာပါဝင္သလို စမတ္ဖုန္းအမ်ားဆုံး အသုံးျပဳတဲ့ ႏိုင္ငံထဲမွာလည္း ပါဝင္ပါတယ္။ မိုလ္ဘိုင္းဖုန္းပိုင္ဆိုင္မႈနဲ႔ လူဦးေရအခ်ိဳးအစားဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ကြာဟေနေပမယ့္ အင္တာနက္ခ်ိတ္ဆက္ႏိုင္မႈကေတာ့ ကမာၻနဲ႔အလွမ္းေဝးေနတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

Google ဟာ အိႏၵိယရဲ႕ Carrier ႀကီးတစ္ခုျဖစ္တဲ့ Vodafone-Idea နဲ႔ မိတ္ဖက္အျဖစ္ပူးေပါင္းၿပီး အိႏၵိယႏိုင္ငံတြင္းက စမတ္ဖုန္းမရွိသူေတြ၊ ဒါမွမဟုတ္ မိုလ္ဘိုင္းေဒတာ အသုံးျပဳႏိုင္ျခင္းမရွိသူေတြကို နည္းလမ္းေဟာင္းနဲ႔အတူ Google Assistant သုံးစြဲႏိုင္ေအာင္လို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

Vodafone-Idea အသုံးျပဳသူေတြဟာ သတ္မွတ္ထားတဲ့ နံပါတ္ကို ေခၚဆိုၿပီး Google Assistant ကို ေမးျမန္းအသုံးျပဳႏိုင္တဲ့ နည္းလမ္းျဖစ္ပါတယ္။ ဒီနည္းဟာ အင္တာနက္နဲ႔ ခ်ိတ္ဆက္ႏိုင္မႈမရွိလည္း သုံးစြဲႏိုင္တဲ့ နည္းလမ္းျဖစ္ပါတယ္။ အေျဖေတြကေတာ့ စမတ္ဖုန္းနဲ႔အသုံးျပဳသလို သီးသန႔္ျဖစ္ေနမွာ မဟုတ္ပါဘူး။ ေယဘုယ် အေျဖေတြပဲ ျဖစ္ေနပါလိမ့္မယ္။

အသုံးျပသူဟာ ရာသီဥတုအေျခအေန၊ ယာဥ္လမ္းေၾကာင္း ပိတ္ဆို႔မႈအေျခအေန၊ အားကစားၿပိဳင္ပြဲရလဒ္လိုမ်ိဳး ေယဘုယ် ေမးခြန္းေတြကို ေမးျမန္းႏိုင္မယ္လို႔ သိရပါတယ္။ ဒီအတြက္ သတ္မွတ္ထားတဲ့ နံပါတ္ကို ဖုန္းေခၚဆိုရမွာျဖစ္ၿပီး ဖုန္းေခၚဆိုခလည္း က်သင့္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒီဝန္ေဆာင္မႈက လက္ရွိအခ်ိန္မွာေတာ့ မရရွိေသးပါဘူး။ ဒါေပမယ့္ အိႏၵိယတစ္ႏိုင္ငံလုံးအတြက္ ဟိႏၵဴနဲ႔ အဂၤလိပ္ ဘာသာႏွစ္မ်ိဳးလုံးနဲ႔ ဝန္ေဆာင္မႈေပးသြားဖို႔ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒီဝန္ေဆာင္မႈဟာ Vodafone-Idea အသုံးျပဳသူေတြအတြက္ သီးသန႔္သာျဖစ္တယ္လို႔လည္း သိရပါတယ္။ Vodafone ဟာ အိႏၵိယႏိုင္ငံတြင္းမွာ သုံးစြဲသူအမ်ားဆုံးနဲ႔ အႀကီးမားဆုံး Carrier ႀကီးလည္း ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

အိန္ဒိယနိုင်ငံတွင်းမှာ အင်တာနက်မရှိဘဲ Assistant သုံးနိုင်အောင် ကြိုးပမ်းနေတဲ့ Google

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံတွေထဲမှာပါဝင်သလို စမတ်ဖုန်းအများဆုံး အသုံးပြုတဲ့ နိုင်ငံထဲမှာလည်း ပါဝင်ပါတယ်။ စမတ်ဖုန်းပိုင်ဆိုင်မှုနဲ့ လူဦးရေအချိုးအစားဟာ အံ့အားသင့်စရာကောင်းလောက်အောင် ကွာဟနေပေမယ့် အင်တာနက်ချိတ်ဆက်နိုင်မှုကတော့ ကမ္ဘာနဲ့အလှမ်းဝေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Google ဟာ အိန္ဒိယရဲ့ Carrier ကြီးတစ်ခုဖြစ်တဲ့ Vodafone-Idea နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး အိန္ဒိယနိုင်ငံတွင်းက စမတ်ဖုန်းမရှိသူတွေ၊ ဒါမှမဟုတ် မိုလ်ဘိုင်းဒေတာ အသုံးပြုနိုင်ခြင်းမရှိသူတွေကို နည်းလမ်းဟောင်းနဲ့အတူ Google Assistant သုံးစွဲနိုင်အောင်လို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Vodafone-Idea အသုံးပြုသူတွေဟာ သတ်မှတ်ထားတဲ့ နံပါတ်ကို ခေါ်ဆိုပြီး Google Assistant ကို မေးမြန်းအသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းဟာ အင်တာနက်နဲ့ ချိတ်ဆက်နိုင်မှုမရှိလည်း သုံးစွဲနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဖြေတွေကတော့ စမတ်ဖုန်းနဲ့အသုံးပြုသလို သီးသန့်ဖြစ်နေမှာ မဟုတ်ပါဘူး။ ယေဘုယျ အဖြေတွေပဲ ဖြစ်နေပါလိမ့်မယ်။

အသုံးပြသူဟာ ရာသီဥတုအခြေအနေ၊ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုအခြေအနေ၊ အားကစားပြိုင်ပွဲရလဒ်လိုမျိုး ယေဘုယျ မေးခွန်းတွေကို မေးမြန်းနိုင်မယ်လို့ သိရပါတယ်။ ဒီအတွက် သတ်မှတ်ထားတဲ့ နံပါတ်ကို ဖုန်းခေါ်ဆိုရမှာဖြစ်ပြီး ဖုန်းခေါ်ဆိုခလည်း ကျသင့်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီဝန်ဆောင်မှုက လက်ရှိအချိန်မှာတော့ မရရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယတစ်နိုင်ငံလုံးအတွက် ဟိန္ဒူနဲ့ အင်္ဂလိပ် ဘာသာနှစ်မျိုးလုံးနဲ့ ဝန်ဆောင်မှုပေးသွားဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုဟာ Vodafone-Idea အသုံးပြုသူတွေအတွက် သီးသန့်သာဖြစ်တယ်လို့လည်း သိရပါတယ်။ Vodafone ဟာ အိန္ဒိယနိုင်ငံတွင်းမှာ သုံးစွဲသူအများဆုံးနဲ့ အကြီးမားဆုံး Carrier ကြီးလည်း ဖြစ်ပါတယ်။

Ref: GSM Arena