နည်းပညာ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ အခုတော့ Google က ANC နားကြပ်ကနေ နှလုံးခုန်နှုန်းကို တိုင်းတာနိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။

Google

လက်ရှိ နားကြပ်တွေမှာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ စွမ်းရည် မပါလာကြသေးပါဘူး။ Google က ANC နားကြပ်တွေဟာ အပို ဆန်ဆာတွေ မလိုအပ်ဘဲ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တယ်လို့ ပြောပါတယ်။

Audioplethysmography နည်းပညာက နားကြပ်ရဲ့ စပီကာကနေ Low-intensity Ultrasound Signal ကို ထုတ်လွှင့်နိုင်ပါတယ်။ အဲဒီနောက်မှာ နားကြပ်ရဲ့ မိုက်ကရိုဖုန်းက တုန့်ပြန်မှုတွေကို ဖမ်းယူပေးနိုင်ပါတယ်။ အဲဒီကနေ နားကြပ်က နှလုံးခုန်နှုန်းကို တွက်ချက်ပေးနိုင်ပါတယ်။ အဲဒီ နည်းပညာမှာ သင်္ချာတွက်ချက်မှု နည်းလမ်းများစွာကို အသုံးပြုထားတယ်လို့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။

Google develops tech to turn ANC earbuds into cardiac monitors

ကြိုးမဲ့ နားကြပ်ကနေ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တဲ့ နည်းပညာက စိတ်ဝင်စားစရာကောင်းပါတယ်။ စမတ်နာရီတွေ မဝတ်ဆင်ချင်သူတွေအတွက်တော့ နားကြပ်ကနေပဲ နှလုံးခုန်နှုန်းကို တိုင်းတာ သိရှိနိုင်မှာပါ။

စမတ်နာရီ မဟုတ်ဘဲ ရိုးရိုး နာရီတွေ ဝတ်ဆင်ချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဒီနည်းပညာက လက်ရှိကြိုးမဲ့နားကြပ်တွေမှာပါတဲ့ ဟာ့ဒ်ဝဲတွေကိုပဲ အသုံးပြုထားပြီး တခြား ဟာ့ဒ်ဝဲတွေ မလိုအပ်ပါဘူး။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ လုပ်ဆောင်ချက်အတွက် Software Update ပဲ လိုအပ်ပါတယ်။

ကြိုးမဲ့ နားကြပ်တွေမှာ နှလုံးခုန်နှုန်း တိုင်းတာနဲ့ နည်းပညာဟာ ဘယ်အချိန် ပါလာမလဲ ဆိုတာ မသိရသေးပါဘူး။ အနာဂတ်မှာတော့ ဒီနည်းပညာဟာ လူသားတွေကို အကျိုးပြုလာမှာ သေချာပါတယ်။

Ref : gizmochina