Google AI ဟာ အိန္ဒိယမှာ AI အခြေပြု ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ Apollo Radiology International နဲ့ ပူးပေါင်းထားပါတယ်။ TB, အဆုတ် ကင်ဆာနဲ့ ရင်သား ကင်ဆာ တို့လို လူသေဆုံးမှုနှုန်း မြင့်မားတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားပါတယ်။

Google EU Data Sharing

TB

ရင်ဘတ် X-ray ဓါတ်မှန်ကို စစ်‌ဆေးပေးတဲ့ ဆရာဝန်တွေ အိန္ဒိယမှာ ရှားပါးနေပါတယ်။ အဲဒီအတွက် Google AI က အဲဒီ ဓါတ်မှန်တွေကို စစ်ဆေးပေးကာ TB ရောဂါကို စောစောစီးစီး သိနိုင်အောင် ကူညီပေးပါတယ်။

အဆုတ်နဲ့ ရင်သား ကင်ဆာ

AI က  အဆုတ်နဲ့ ရင်သားက အကြိတ်တွေကို လေ့လာစစ်ဆေးပေးပြီး အဆုတ်နဲ့ ရင်သား ကင်ဆာကို စောစောစီးစီး သိနိုင်အောင် ကူညီပေးပါတယ်။

နောက်ဆယ်စုနှစ်အတွင်းမှာ Apollo Radiology International က AI Model တွေကို အသုံးပြုကာ  TB ၊ အဆုတ် ကင်ဆာနဲ့ ရင်သား ကင်ဆာကို အကြိမ် ၃ သန်း အခမဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယက ပြည်သူ သန်းနဲ့ချီကာ အဲဒီရောဂါတွေကို စစ်ဆေးခွင့်ရတော့မှာပါ။

Google.org ဟာ ကိုယ်ဝန်ဆောင်သည်တွေကို အိမ်တိုင်ယာရောက် စစ်ဆေးပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာပါ။ ဆရာဝန်တွေ ရှားပါးတဲ့ ဒေသတွေမှာ AI နဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတာဟာ အလွန် ထိရောက်တယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။

Ref : gizmochina