Google Camera သို့မဟုတ် GCam ဟာ တခြားသော Camera App တွေနဲ့ယှဥ်ရင် Quality ပိုင်းပိုကောင်းတဲ့အတွက် Third-party Developer တွေကနေ တခြားသော ဖုန်းတွေအတွက်ပါ ထုတ်ပေးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ Google Camera App ကို Android Go OS အသုံးပြု စမတ်ဖုန်းတွေအတွက် တရားဝင်ထုတ်ပေးလိုက်ပါပြီ။

Android Go စမတ်ဖုန်းတွေ သန်း ၁၀၀ ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ Google Camera App ကို Camera Go ဆိုပြီး ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါ Camera Go App ဟာ လက်ရှိ Android ဖုန်းအများစုမှာပါဝင်တဲ့ Camera App ထက် ပိုမြန်ဆန်ရှင်းလင်းနေမယ်လို့လည်း သိရပါတယ်။

Camera Go App မှာ Portrait Mode လိုမျိုး Budget ဖုန်းတွေမှာ ပါဝင်လေ့မရှိတဲ့ Feature ကိုပါ ထည့်သွင်းပေးထားပြီး အသုံးပြုရတာလည်း လွယ်ကူနေမယ်လို့ သိရပါတယ်။ နောက်ပြီး အဆိုပါ Camera Go App ကနေ ဖုန်းထဲမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ဘယ်လောက်အထိနေရာယူထားသလဲဆိုတာကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Google ရဲ့ Camera Go App ဟာ အခုပဲ မိတ်ဆက်ထားတဲ့ Nokia 1.3 Android Go ဖုန်းမှာ ပထမဆုံးအနေနဲ့ပါဝင်လာမှာဖြစ်ပြီး ကျန်တဲ့ Android Go အသုံးပြုထားတဲ့စမတ်ဖုန်းတွေလည်း မကြာခင်မှာရရှိလာမယ်လို့ သိရပါတယ်။

Ref – Phone Arena