Google ကနေ ပြီးခဲ့တဲ့ နှစ်တုန်းက Google Pixel 2 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ရင်းနဲ့ Google Lens ဆိုတဲ့ Feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Feature ကတော့ အရာဝတ္ထုတွေကို ဓါတ်ပုံရိုက်ပြီးတော့ အဆိုပါ အရာဝတ္ထုက ဘာလဲဆိုတာကို ပြောပေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။

Source: Google Lens

မကြာသေးမီအချိန်တုန်းက Google ကနေ အဆိုပါ Google Lens ကို Google Pixel 2 ဖုန်းတွေမှာပဲ ရရှိနေရာကနေ အခြားသော Android ဖုန်းတွေနဲ iOS Devices တွေမှာပါ Google Photos App ကနေ တစ်ဆင့်ရရှိအောင်ပြုလုပ်ပေးခဲ့ပါတယ်။

Google Lens can recognize the breed of your dog or cat and tell you facts about it

အခုအချိန်မှာတော့ အဆိုပါ Google Lens Feature ဟာ ကြီးမားတဲ့ Update တစ်ခုရရှိခဲ့ပြီးတော့ အဲ့ဒါကတော့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ဓါတ်ပုံရိုက်လိုက်ပြီးတော့ အဆိုပါ ခွေး၊ ကြောင်လေးတွေရဲ့ အမျိုးအစားကို Google Lens ကနေ ရှာဖွေပေးသွားတော့မှာဖြစ်ပါတယ်။

Source: Google

Google ရဲ့ အခု Feature Update ကို Google Photos App သွင်းထားတဲ့ ဘယ်စမတ်ဖုန်းမဆိုမှာ အသုံးပြုနေနိုင်ပြီပဲဖြစ်ပါတယ်။