[Zawgyi]

Google အေနနဲ႔ သူတို႔ရဲ႕ Maps မွာ Speed Limits လို႔ေခၚတဲ့ ျမန္ႏႈန္းကန္႔သတ္ခ်က္ေတြကို မွန္ကန္စြာေဖာ္ျပႏိုင္ဖို႔အတြက္ ၂ႏွစ္ေက်ာ္ စမ္းသပ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အဆိုပါစမ္းသပ္ခ်က္ေတြကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္လိုက္ၿပီ ျဖစ္ပါတယ္။

အခုဆိုရင္ Speed Limits နဲ႔ Speed Camera Alerts လုပ္ေဆာင္ခ်က္ေတြပါတဲ့ Google Maps ကို ကမာၻအႏွံ႔အျပားက ႏိုင္ငံတခ်ိဴ႕မွာ ျဖန္႔ခ်ီေပးလိုက္ၿပီလို႔ သိရပါတယ္။ Mashable ရဲ႕ အဆိုမ်ားအရ Speed Limits လုပ္ေဆာင္ခ်က္ကို Android ေရာ iOs မွာပါ အသုံးျပဳလို႔ ရၿပီျဖစ္ၿပီး အေမရိကန္၊ အဂၤလန္နဲ႔ ဒိန္းမတ္ႏိုင္ငံေတြက Google Maps အသုံးျပဳသူေတြကို Speed Limits (ျမန္ႏႈန္းကန္႔သတ္ခ်က္) ေတြ ေဖာ္ျပေပးေနၿပီလို႔ ေျပာၾကားထားပါတယ္။ Speed Limits လုပ္ေဆာင္ခ်က္ဟာ အေမရိကန္ႏိုင္ငံမွာေတာ့ အေဝးေျပးလမ္း အပါအဝင္ လမ္းေတာ္ေတာ္မ်ားမ်ားမွာ ေကာင္းစြာအလုပ္လုပ္ၿပီး လမ္းသြယ္၊ လမ္းၾကားေတြမွာေတာ့ ျမန္ႏႈန္းကန္႔သတ္ခ်က္ကို မွန္ကန္စြာ ေဖာ္ျပမေပးႏိုင္ဘူးလို႔ သိရပါတယ္။

Speed Cameras လုပ္ေဆာင္ခ်က္ကိုေတာ့ အေမရိကန္၊ အဂၤလန္၊ ၾသစေၾတးလ်၊ ႐ုရွား၊ ဘရာဇီး၊ မကၠစီကို၊ ကေနဒါ၊ အိႏၵိယနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာ စတင္ေဖာ္ျပေပးေနၿပီ ျဖစ္ပါတယ္။ မိမိယာဥ္ရဲ႕ ျမန္ႏႈန္းကို ေဖာ္ျပေပးဖို႔ ေစာင့္ၾကည့္ေနတဲ့ Speed Cameras ေတြကို ေဖာ္ျပေပးသြားမွာျဖစ္ၿပီး အဆိုပါ Speed Cameras ေတြနဲ႔ နီးကပ္လာတဲ့အခ်ိန္က်ရင္လည္း အခ်က္ေပးစနစ္ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Google ဟာ Speed Limits နဲ႔ Speed Cameras လုပ္ေဆာင္ခ်က္ေတြကို Sever-side ကေန ထည့္သြင္းေပးလိုက္တာေၾကာင့္ အဆိုပါ Feature ေတြကို အသုံးျပဳဖို႔အတြက္ Google Maps ကို သီးသန႔္ Update ျပဳလုပ္စရာ မလိုပါဘူး။ ဒါေပမယ့္ လက္ရွိအသုံးျပဳေနတဲ့ Google Maps ဟာ ေနာက္ဆုံးဗားရွင္း ျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။

Ref : 9To5Google

[Unicode]

မြန်နှုန်းကန့်သတ်ချက်နဲ့ စောင့်ကြည့်ကင်မရာတွေကို ဖော်ပြပေးမယ့် Google Maps

Google အနေနဲ့ သူတို့ရဲ့ Maps မှာ Speed Limits လို့ခေါ်တဲ့ မြန်နှုန်းကန့်သတ်ချက်တွေကို မှန်ကန်စွာဖော်ပြနိုင်ဖို့အတွက် ၂နှစ်ကျော် စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုပါစမ်းသပ်ချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

အခုဆိုရင် Speed Limits နဲ့ Speed Camera Alerts လုပ်ဆောင်ချက်တွေပါတဲ့ Google Maps ကို ကမ္ဘာအနှံ့အပြားက နိုင်ငံတချိူ့မှာ ဖြန့်ချီပေးလိုက်ပြီလို့ သိရပါတယ်။ Mashable ရဲ့ အဆိုများအရ Speed Limits လုပ်ဆောင်ချက်ကို Android ရော iOs မှာပါ အသုံးပြုလို့ ရပြီဖြစ်ပြီး အမေရိကန်၊ အင်္ဂလန်နဲ့ ဒိန်းမတ်နိုင်ငံတွေက Google Maps အသုံးပြုသူတွေကို Speed Limits (မြန်နှုန်းကန့်သတ်ချက်) တွေ ဖော်ပြပေးနေပြီလို့ ပြောကြားထားပါတယ်။ Speed Limits လုပ်ဆောင်ချက်ဟာ အမေရိကန်နိုင်ငံမှာတော့ အဝေးပြေးလမ်း အပါအဝင် လမ်းတော်တော်များများမှာ ကောင်းစွာအလုပ်လုပ်ပြီး လမ်းသွယ်၊ လမ်းကြားတွေမှာတော့ မြန်နှုန်းကန့်သတ်ချက်ကို မှန်ကန်စွာ ဖော်ပြမပေးနိုင်ဘူးလို့ သိရပါတယ်။

Speed Cameras လုပ်ဆောင်ချက်ကိုတော့ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ရုရှား၊ ဘရာဇီး၊ မက္ကစီကို၊ ကနေဒါ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ စတင်ဖော်ပြပေးနေပြီ ဖြစ်ပါတယ်။ မိမိယာဥ်ရဲ့ မြန်နှုန်းကို ဖော်ပြပေးဖို့ စောင့်ကြည့်နေတဲ့ Speed Cameras တွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး အဆိုပါ Speed Cameras တွေနဲ့ နီးကပ်လာတဲ့အချိန်ကျရင်လည်း အချက်ပေးစနစ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Google ဟာ Speed Limits နဲ့ Speed Cameras လုပ်ဆောင်ချက်တွေကို Sever-side ကနေ ထည့်သွင်းပေးလိုက်တာကြောင့် အဆိုပါ Feature တွေကို အသုံးပြုဖို့အတွက် Google Maps ကို သီးသန့် Update ပြုလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် လက်ရှိအသုံးပြုနေတဲ့ Google Maps ဟာ နောက်ဆုံးဗားရှင်း ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

Ref : 9To5Google