Samsung ဟာ မကြာသေးခင်က Google Message ကို အမေရိကန်က Flagship ဖုန်းတွေမှာ Default messaging app အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ တခြားဈေးကွက်တွေမှာတော့ မူရင်း App ကိုပဲ Default အဖြစ်ဆက်လက်ရွေးချယ်ဖို့ တွန်းအားပေးနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူအတော်များများကတော့ သူတို့ရဲ့ ဖုန်းတွေမှာ Google Message app ကိုပဲ အသုံးပြုဖို့ရွေးချယ်ကြတယ်လို့ sammobile က ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ Google Message app နဲ့ Samsung flagship ဖုန်းကြားမှာ ပြဿနာတစ်ခုရှိနေပါတယ်။ ဒီပြဿနာက App ဟာ ဖုန်းရဲ့ ဘက်ထရီကို ပိုပြီးအကုန်မြန်စေတဲ့ Bug ရှိနေတာပါ။

ဒီ Bug က အသုံးပြုသူတွေကို ကြီးမားတဲ့အနှောင့်အယှက် မပေးဘူးဆိုပေမဲ့ အချိန်မလွန်ခင် ပြန်ပြီးဖာထေးပြုပြင်သင့်တဲ့ ပြဿနာလို့ ဆိုရမှာပါ။ အစီရင်ခံစာက ဖော်ပြတာမှာတော့ Google Message app ထဲက bug ဟာ ကင်မရာကို Background မှာ ပွင့်နေစေတာလို့ တွေ့ရပါတယ်။ ဒါကြောင့် ဖုန်းကို အပူလွန်ကဲစေပြီး၊ ဘက်ထရီသက်တမ်းကိုလည်း တိုတောင်းစေနိုင်တာပါ။

ဒီချွတ်ယွင်းချက်ဟာ သုံးစွဲသူတွေက ဓါတ်ပုံရိုက်ပြီး Message တစ်ခုကို အလွယ်တကူပွဲတွဲပို့ပေးနိုင်တဲ့ App ရဲ့ Feature တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဓါတ်ပုံသစ် ယူလိုတဲ့အခါ ကင်မရာ Live feed ဟာ Gallery ထဲက ဓါတ်ပုံတွေကိုတွဲပြီး ပြသလေ့ရှိပါတယ်။ App အတွက် မကြာခင်ကထွက်ထားတဲ့ Update ဟာ တစ်ခါတစ်ရံမှာ Camera feed ကို Leave ဖြစ်စေတဲ့ Bug ပါဝင်နေပါတယ်။

လက်ရှိအခြေအနေက Bug ရှိပြီး ပူလွန်ကဲစေ၊ ဘက်ထရီအားကုန်မြန်စေတယ်လို့ဆိုနေပေမဲ့ Google ကတော့ ဒီ Bug နဲ့ပတ်သက်ပြီး အရေးတယူပြုတယ်ဆိုတဲ့သတင်းတော့ မကြားရသေးပါဘူး။ အခုအချိန်မှာ အကောင်းဆုံးဖြေရှင်းနည်းကတော့ Google Message က ဖုန်းရဲ့ ကင်မရာကိုအသုံးပြုခွင့်မပေးဘဲ ငြင်းပယ်ထားတာပဲ ဖြစ်ပါတယ်။

Ref: sammobile