[Zawgyi]

Google Pixel ေတြအတြက္ နာမည္ဆိုးျဖစ္လာတဲ့ ျပႆနာေတြအနက္မွာ ဒီျပႆနာက ေနာက္ဆုံးေပၚ ျပႆနာသစ္တစ္ခု ျဖစ္ပါတယ္။ Pixel 3 နဲ႔ 3 XL တို႔ဟာ အပူလြန္ကဲမႈေၾကာင့္ စက္လုံးဝပိတ္က်သြားတယ္ ဆိုတာပါပဲ။

အခုေလာေလာဆယ္ေတာ့ ဒီျပႆနာကို Report တင္တဲ့ ပမာဏက အနည္းငယ္ပဲ ရွိေနေသးတာေၾကာင့္ ျပႆနာအႀကီးႀကီးအသြင္ေတာ့ မေဆာင္ေသးဘူးလို႔ဆိုရမွာပါ။ ဒါေပမယ့္ အဓိက ျပႆနာက Google အေနနဲ႔ သူတို႔ရဲ႕ ဖုန္းေတြမွာ ျဖစ္ေနတဲ့ ျပႆနာေတြ၊ ခ်ိဳ႕ယြင္းမႈေတြကို ေကာင္းေကာင္း ျပဳျပင္ေျဖရွင္းေပးႏိုင္ျခင္း မရွိေသးတာပါပဲ။ ေနာက္တစ္ခုက ျပန္လည္ျပဳျပင္ေပးဖို႔၊ လဲလွယ္ေပးဖို႔မွာ လိုအပ္ခ်က္မ်ားစြာနဲ႔ ျပႆနာ ရွိေနတာပါ။

ဒီျပႆနာကေတာ့ Pixel 3 ကို အားသြင္းရင္းတန္းလန္းနဲ႔ အသုံးျပဳေနရာကေန ျဖစ္ေပၚလာတဲ့ ျပႆနာလို႔ ယူဆရပါတယ္။ အသုံးျပဳသူတခ်ိဳ႕ Report တင္တဲ့ထဲမွာေတာ့ သူတို႔ဟာ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ အားသြင္းေနရင္း ဗီဒီယိုၾကည့္ေနတာ၊ ဒါမွမဟုတ္ Video call ေျပာေနတဲ့အခ်ိန္မွာ Pixel 3 ေတြဟာ လုံးဝကို ပူလာၿပီး ပိတ္က်သြားတယ္လို႔ ဆိုတာပါပဲ။

အသုံးျပဳသူတစ္ေယာက္ပို႔တဲ့ Report ကေတာ့ Google အတြက္ စိတ္သက္သာရာ ရစရာပါပဲ။ သူ႔ကို အစားထိုးျပန္ေပးလိုက္တဲ့ Pixel 3 မွာေတာ့ အလားတူျပႆနာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။ ဒီစကားကို ေထာက္ခ်င့္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ Pixel 3 အခ်ိဳ႕မွာ အပူလြန္ကဲတဲ့၊ ဒါမွမဟုတ္ အပူမထိန္းသိမ္းႏိုင္တဲ့ ျပႆနာ ရွိေနပုံပါပဲ။

ၿပီးခဲ့တဲ့ ထုတ္ကုန္ေတြျဖစ္တဲ့ Pixel နဲ႔ Pixel 2 တို႔တုန္းကလည္း အပူလြန္ကဲျခင္းနဲ႔ ဘက္ထရီပါဝါ အကုန္ျမန္တဲ့ ျပႆနာေတြ ျဖစ္ခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ ျပႆနာေတြက တစ္ခုနဲ႔တစ္ခု၊ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကတာပါ။ Google အေနနဲ႔ သူ႔ရဲ႕ဖုန္းေတြမွာ ျဖစ္ေနတဲ့ ျပႆနာေတြကို ဖုန္းအစားထိုး လဲေပး႐ုံနဲ႔ မလုံေလာက္ေတာ့ဘဲ အလွ်င္အျမန္ စူးစမ္းအေျဖရွာႏိုင္ဖို႔ေတာ့ လိုအပ္ေနၿပီ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Google Pixel တွေအတွက် နာမည်ဆိုးဖြစ်လာတဲ့ ပြဿနာတွေအနက်မှာ ဒီပြဿနာက နောက်ဆုံးပေါ် ပြဿနာသစ်တစ်ခု ဖြစ်ပါတယ်။ Pixel 3 နဲ့ 3 XL တို့ဟာ အပူလွန်ကဲမှုကြောင့် စက်လုံးဝပိတ်ကျသွားတယ် ဆိုတာပါပဲ။

အခုလောလောဆယ်တော့ ဒီပြဿနာကို Report တင်တဲ့ ပမာဏက အနည်းငယ်ပဲ ရှိနေသေးတာကြောင့် ပြဿနာအကြီးကြီးအသွင်တော့ မဆောင်သေးဘူးလို့ဆိုရမှာပါ။ ဒါပေမယ့် အဓိက ပြဿနာက Google အနေနဲ့ သူတို့ရဲ့ ဖုန်းတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ ချို့ယွင်းမှုတွေကို ကောင်းကောင်း ပြုပြင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာပါပဲ။ နောက်တစ်ခုက ပြန်လည်ပြုပြင်ပေးဖို့၊ လဲလှယ်ပေးဖို့မှာ လိုအပ်ချက်များစွာနဲ့ ပြဿနာ ရှိနေတာပါ။

ဒီပြဿနာကတော့ Pixel 3 ကို အားသွင်းရင်းတန်းလန်းနဲ့ အသုံးပြုနေရာကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာလို့ ယူဆရပါတယ်။ အသုံးပြုသူတချို့ Report တင်တဲ့ထဲမှာတော့ သူတို့ဟာ ကြိုးမဲ့အားသွင်းစနစ်နဲ့ အားသွင်းနေရင်း ဗီဒီယိုကြည့်နေတာ၊ ဒါမှမဟုတ် Video call ပြောနေတဲ့အချိန်မှာ Pixel 3 တွေဟာ လုံးဝကို ပူလာပြီး ပိတ်ကျသွားတယ်လို့ ဆိုတာပါပဲ။

အသုံးပြုသူတစ်ယောက်ပို့တဲ့ Report ကတော့ Google အတွက် စိတ်သက်သာရာ ရစရာပါပဲ။ သူ့ကို အစားထိုးပြန်ပေးလိုက်တဲ့ Pixel 3 မှာတော့ အလားတူပြဿနာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒီစကားကို ထောက်ချင့်ပြီး ပြောရမယ်ဆိုရင်တော့ Pixel 3 အချို့မှာ အပူလွန်ကဲတဲ့၊ ဒါမှမဟုတ် အပူမထိန်းသိမ်းနိုင်တဲ့ ပြဿနာ ရှိနေပုံပါပဲ။

ပြီးခဲ့တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Pixel နဲ့ Pixel 2 တို့တုန်းကလည်း အပူလွန်ကဲခြင်းနဲ့ ဘက်ထရီပါဝါ အကုန်မြန်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေက တစ်ခုနဲ့တစ်ခု၊ တစ်ယောက်နဲ့တစ်ယောက် မတူညီကြတာပါ။ Google အနေနဲ့ သူ့ရဲ့ဖုန်းတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖုန်းအစားထိုး လဲပေးရုံနဲ့ မလုံလောက်တော့ဘဲ အလျှင်အမြန် စူးစမ်းအဖြေရှာနိုင်ဖို့တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။

Ref: GSMarena