[Zawgyi]

Google ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းက Pixel 3 ကို မိတ္ဆက္ခဲ့တာပါ။ ထုံးစံအတိုင္း pixel 3 ရဲ႕ ကင္မရာဟာ အသုံးျပဳသူေတြကို စိတ္ေက်နပ္မႈ ေပးႏိုင္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Google ဟာ ကင္မရာပိုင္းဆိုင္ရာကို ပိုၿပီးႏွစ္သက္လာေစမယ့္ Shutter-free Photobooth mode ကို ထပ္မံ မိတ္ဆက္မယ္လို႔ ေျပာခဲ့ပါတယ္။

https://media.giphy.com/media/Sr2zWQpMWVOr1rWfSt/giphy.gif

အခုေတာ့ Google က သူတို႔ရဲ႕ Photobooth mode အသစ္ကို တကယ္ပဲ မိတ္ဆက္ေပးလိုက္ပါၿပီ။ Pixel 3 ရဲ႕ ကင္မရာဟာ ျမင္ကြင္းထဲကလူေတြရဲ႕ မ်က္လုံးကို ေစာင့္ၾကည့္ေနၿပီး အမူအရာေကာင္းေကာင္းနဲ႔ မ်က္လုံးဖြင့္ထားခ်ိန္မွာ ဓါတ္ပုံ႐ိုက္ေပးပါလိမ့္မယ္။ ဒါ့အျပင္ ျမင္ကြင္းေရွ႕ကလူဟာ ကင္မရာကို ၾကည့္ၿပီး ၿပဳံးလိုက္ရင္လည္း အလိုအေလ်ာက္ ဓါတ္ပုံ႐ိုက္ယူေပးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကင္မရာဟာ ျမင္ကြင္းထဲကပုံရိပ္ေတြ လႈပ္ရွားေနခ်ိန္၊ စကားေျပာေနခ်ိန္ေတြမွာ ပုံရိပ္ကိုဖမ္းယူမွာမဟုတ္ဘဲ အေကာင္းဆုံးအေျခအေန ေရာက္မွသာ ႐ိုက္ကူးဖမ္းယူလိုက္မွာ ျဖစ္ပါတယ္။ စုံတြဲေတြအတြက္ အထူးျပဳလုပ္ခ်က္ေတာ့ အၾကင္နာေပးေနခ်ိန္မွာ အလိုအေလ်ာက္ ဓါတ္ပုံ႐ိုက္ကူးတာပါ။

 

ကင္မရာျမင္ကြင္းရဲ႕ အေပၚေဘာင္မွာ အျဖဴေရာင္လိုင္းတစ္လိုင္းရွိၿပီး ဒီလိုင္းဟာ ျမင္ကြင္းထဲက လူရဲ႕ မ်က္ႏွာကိုနားလည္ၿပီး ႐ိုက္ကူးႏိုင္မႈအေျခအေနကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ အျဖဴေရာင္လိုင္းဟာ သတ္မွတ္ထားတဲ့ Range ကိုေရာက္သြားခ်ိန္မွာ ျမင္ကြင္းထဲက ပုံရိပ္ကို အလိုအေလ်ာက္ ႐ိုက္ကူးဖမ္းယူလိုက္မွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

အကြင်နာပေးနေချိန်မှာ အလိုအလျောက် Selfie ရိုက်ပေးမယ့် Google Pixel 3

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Pixel 3 ကို မိတ်ဆက်ခဲ့တာပါ။ ထုံးစံအတိုင်း pixel 3 ရဲ့ ကင်မရာဟာ အသုံးပြုသူတွေကို စိတ်ကျေနပ်မှု ပေးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Google ဟာ ကင်မရာပိုင်းဆိုင်ရာကို ပိုပြီးနှစ်သက်လာစေမယ့် Shutter-free Photobooth mode ကို ထပ်မံ မိတ်ဆက်မယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ Google က သူတို့ရဲ့ Photobooth mode အသစ်ကို တကယ်ပဲ မိတ်ဆက်ပေးလိုက်ပါပြီ။ Pixel 3 ရဲ့ ကင်မရာဟာ မြင်ကွင်းထဲကလူတွေရဲ့ မျက်လုံးကို စောင့်ကြည့်နေပြီး အမူအရာကောင်းကောင်းနဲ့ မျက်လုံးဖွင့်ထားချိန်မှာ ဓါတ်ပုံရိုက်ပေးပါလိမ့်မယ်။ ဒါ့အပြင် မြင်ကွင်းရှေ့ကလူဟာ ကင်မရာကို ကြည့်ပြီး ပြုံးလိုက်ရင်လည်း အလိုအလျောက် ဓါတ်ပုံရိုက်ယူပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကင်မရာဟာ မြင်ကွင်းထဲကပုံရိပ်တွေ လှုပ်ရှားနေချိန်၊ စကားပြောနေချိန်တွေမှာ ပုံရိပ်ကိုဖမ်းယူမှာမဟုတ်ဘဲ အကောင်းဆုံးအခြေအနေ ရောက်မှသာ ရိုက်ကူးဖမ်းယူလိုက်မှာ ဖြစ်ပါတယ်။ စုံတွဲတွေအတွက် အထူးပြုလုပ်ချက်တော့ အကြင်နာပေးနေချိန်မှာ အလိုအလျောက် ဓါတ်ပုံရိုက်ကူးတာပါ။

ကင်မရာမြင်ကွင်းရဲ့ အပေါ်ဘောင်မှာ အဖြူရောင်လိုင်းတစ်လိုင်းရှိပြီး ဒီလိုင်းဟာ မြင်ကွင်းထဲက လူရဲ့ မျက်နှာကိုနားလည်ပြီး ရိုက်ကူးနိုင်မှုအခြေအနေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဖြူရောင်လိုင်းဟာ သတ်မှတ်ထားတဲ့ Range ကိုရောက်သွားချိန်မှာ မြင်ကွင်းထဲက ပုံရိပ်ကို အလိုအလျောက် ရိုက်ကူးဖမ်းယူလိုက်မှာပဲ ဖြစ်ပါတယ်။

Ref: GSMArena