[Zawgyi]

Pixel 3 နဲ႔ Pixel 3 XL တို႔ဟာ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ မၿပီးႏိုင္မစီးႏိုင္ကို ျဖစ္ေနတယ္လို႔ ဆိုရမလိုပါပဲ။ အေစာပိုင္းကတည္းက တက္ေနတဲ့ ျပႆနာေတြကို ရွင္းလို႔မွ မၿပီးေသးဘူး ေနာက္ထပ္ ျပႆနာသစ္တစ္ခုက မ႐ိုးႏိုင္ေအာင္ကို ထပ္ၿပီး ျဖစ္ပြားလာျပန္ပါၿပီ။ ဒါကေတာ့ Pixel 3 ပိုင္ရွင္ေတြအေနနဲ႔ သူတို႔ရဲ႕ Message ေတြ ပ်က္သြားတာနဲ႔ ႀကဳံေတြ႕ေနရတာပါ။

တက်ီက်ီ မည္တဲ့ စပီကာ၊ အားသြင္းေနတုန္း အပူလြန္ကဲၿပီး အလိုအေလ်ာက္ စက္ပိတ္သြားတဲ့ ျပႆနာ၊ Memory ပိုင္းဆိုင္ရာ စီမံခန႔္ခြဲမႈ အဆင္မေျပတဲ့ ျပႆနာ၊ ဓါတ္ပုံေတြ ပ်က္သြားတဲ့ ျပႆနာ၊ Apps ေတြကို အသုံးျပဳေနရင္းတန္းလန္း ျပန္ပိတ္သြားတဲ့ ျပႆနာ စတဲ့ ျပႆနာေတြအျပင္ အခုေတာ့ Message ပ်က္သြားတဲ့ ျပႆနာက ထပ္ၿပီး တိုးပြားလာျပန္ပါၿပီ။ Pixel 3 ပိုင္ရွင္အေတာ္မ်ားမ်ားက သူတို႔ Message ေတြ ပ်က္သြားရတဲ့အတြက္ Complain ေတြ တင္ေနၾကပါၿပီ။

Google ကေတာ့ သူတို႔ရဲ႕ ထုတ္ကုန္က ရွာလာတဲ့ျပႆနာေတြအကုန္လုံးကို ေျပလည္ေအာင္ ေျဖရွင္းေပးပါ့မယ္လို႔ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းကမွ ကတိေပးထားေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ျပႆနာေဟာင္းက မေျဖရွင္းရေသးဘူး၊ ျပႆနာသစ္က ေပၚလာျပန္တဲ့ အေျခအေနမို႔ တစ္ပူေပၚ ႏွစ္ပူဆင့္ ဆိုသလို ျဖစ္ေနတာပါ။

November security patch ထုတ္ၿပီးကတည္းက ပုံမွန္မဟုတ္တဲ့ ပုံစံေတြက မ်က္ႏွာျပင္ညာဘက္မွာ ေပၚလာတယ္လို႔ တိုင္တန္းမႈေတြ ျဖစ္ေပၚလာခဲ့ပါေသးတယ္။ တခ်ိဳ႕ကလည္း Google ရဲ႕ Support Team ကို ဆက္သြယ္ၿပီး ေျဖရွင္းဖို႔ ႀကိဳးစားၾကပါတယ္။ Support Team ကလည္း Developer ေတြက ဒီျပႆနာကို ေသခ်ာၾကည့္ရႈၿပီး အျမန္ဆုံးေျပလည္ေအာင္ ေျဖရွင္းႏိုင္ဖို႔ ႀကိဳးစားေနပါတယ္လို႔ပဲ အေၾကာင္းျပန္ႏိုင္ခဲ့တာပါ။

လက္ရွိအခ်ိန္မွာေတာ့ စာဖတ္သူက Google Pixel 3 လည္းသုံးေနတယ္၊ Message ေတြကလည္း အေရးႀကီးလို႔သိမ္းထားရဦးမယ္ဆိုရင္ေတာ့ November Update ကို မလုပ္ပါနဲ႔ဦးလို႔ပဲ အႀကံေပးရမွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ရင္လည္း Message ေတြကို Backup လုပ္ထားပါလို႔ သတိေပးရမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Pixel 3 နဲ့ Pixel 3 XL တို့ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မပြီးနိုင်မစီးနိုင်ကို ဖြစ်နေတယ်လို့ ဆိုရမလိုပါပဲ။ အစောပိုင်းကတည်းက တက်နေတဲ့ ပြဿနာတွေကို ရှင်းလို့မှ မပြီးသေးဘူး နောက်ထပ် ပြဿနာသစ်တစ်ခုက မရိုးနိုင်အောင်ကို ထပ်ပြီး ဖြစ်ပွားလာပြန်ပါပြီ။ ဒါကတော့ Pixel 3 ပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ Message တွေ ပျက်သွားတာနဲ့ ကြုံတွေ့နေရတာပါ။

တကျီကျီ မည်တဲ့ စပီကာ၊ အားသွင်းနေတုန်း အပူလွန်ကဲပြီး အလိုအလျောက် စက်ပိတ်သွားတဲ့ ပြဿနာ၊ Memory ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အဆင်မပြေတဲ့ ပြဿနာ၊ ဓါတ်ပုံတွေ ပျက်သွားတဲ့ ပြဿနာ၊ Apps တွေကို အသုံးပြုနေရင်းတန်းလန်း ပြန်ပိတ်သွားတဲ့ ပြဿနာ စတဲ့ ပြဿနာတွေအပြင် အခုတော့ Message ပျက်သွားတဲ့ ပြဿနာက ထပ်ပြီး တိုးပွားလာပြန်ပါပြီ။ Pixel 3 ပိုင်ရှင်အတော်များများက သူတို့ Message တွေ ပျက်သွားရတဲ့အတွက် Complain တွေ တင်နေကြပါပြီ။

Google ကတော့ သူတို့ရဲ့ ထုတ်ကုန်က ရှာလာတဲ့ပြဿနာတွေအကုန်လုံးကို ပြေလည်အောင် ဖြေရှင်းပေးပါ့မယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကမှ ကတိပေးထားပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပြဿနာဟောင်းက မဖြေရှင်းရသေးဘူး၊ ပြဿနာသစ်က ပေါ်လာပြန်တဲ့ အခြေအနေမို့ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်နေတာပါ။

November security patch ထုတ်ပြီးကတည်းက ပုံမှန်မဟုတ်တဲ့ ပုံစံတွေက မျက်နှာပြင်ညာဘက်မှာ ပေါ်လာတယ်လို့ တိုင်တန်းမှုတွေ ဖြစ်ပေါ်လာခဲ့ပါသေးတယ်။ တချို့ကလည်း Google ရဲ့ Support Team ကို ဆက်သွယ်ပြီး ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ Support Team ကလည်း Developer တွေက ဒီပြဿနာကို သေချာကြည့်ရှုပြီး အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်လို့ပဲ အကြောင်းပြန်နိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ စာဖတ်သူက Google Pixel 3 လည်းသုံးနေတယ်၊ Message တွေကလည်း အရေးကြီးလို့သိမ်းထားရဦးမယ်ဆိုရင်တော့ November Update ကို မလုပ်ပါနဲ့ဦးလို့ပဲ အကြံပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Message တွေကို Backup လုပ်ထားပါလို့ သတိပေးရမှာ ဖြစ်ပါတယ်။

Ref: GSMarena