[Unicode]
Pixel 4 နဲ့ Pixel 4 XL ဟာ 60Hz ထက် ပိုမိုက်တဲ့ Refresh Rate ပါလာတဲ့ ပထမဆုံး Pixel ဖုန်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထုတ် Pixel 3 ဖုန်းတွေမှာလည်း အဲဒီ နည်းပညာ ပါနိုင်ခြေ ရှိခဲ့ပါတယ်။ အဲဒီ သတင်းကို Android Framework အဖွဲ့ဝင် ၁ ဦး ဖြစ်သူ Andrew Wright က Android Developers Backstage Podcast ရဲ့ မကြာခင်က Episode မှာ ပြောပြခဲ့တာပါ။
သူက “ အရွယ်သေး Pixel 3 မှာ အကြောင်း အမျိုးမျိုးကြောင့် OLED Display ကို မထည့်သွင်းဘဲ 120Hz Refresh Rate ကို ထောက်ပံ့နိုင်တဲ့ Sharp ရဲ့ LCD Display ကို သုံးခဲ့နိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။ တကယ်လို့သာ Pixel 3 မှာ 120Hz Display ထည့်သွင်းပေးခဲ့မယ် ဆိုရင်တော့ ဂိမ်းတွေ ကစားရင် အရမ်းကို ဖလန်းဖလန်းထနေမှာပါ။ တကယ်တမ်းထွက်လာတော့ Pixel 3 မှာ OLED Display နဲ့ဖြစ်ပြီး Wright က OLED Display ပြောင်းသုံးရတဲ့ အကြောင်းအရင်းကို မပြောသွားပါဘူး။
Pixel 4 နဲ့ Pixel 4 XL မှာ 90Hz Refresh Rate တွေ ထည့်သွင်းထားကြတဲ့အတွက် အနာဂတ်ထုတ် Pixel ဖုန်းတွေမှာ ဒီထက်လန်းတဲ့ Refresh Rate တွေ ပါလာမှာ ဖြစ်ပါတယ်။ နောက်ထွက်လာနိုင်တဲ့ Pixel 4a နဲ့ Pixel 4a XL တွေမှာလည်း အရမ်းမြင့်မားတဲ့ Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။
လာမယ့်နှစ်ထုတ် ဖုန်းတွေရဲ့ Refresh Rate တွေက ပိုလန်းလာမှာပါ။ Samsung Galaxy S11 Series တွေမှာ 120Hz Display ပါလာနိုင်ပါတယ်။ OnePlus 8 နဲ့ OnePlus 8 Pro မှာ အရင်မျိုးဆက်ရဲ့ 90Hz ကိုပဲသုံးထားနိုင်သလို 120Hz နဲ့လည်း အဆင့်မြှင့်ထားနိုင်ပါတယ်။ Xiaomi Mi 10 မှာလည်း အလန်းစား Refresh Rate ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gizmochina
[Zawgyi]
Pixel 3 မှာ 120Hz LCD Display ကို အသုံးပြုဖို့ ကြံစည်ခဲ့ဖူးတဲ့ Google
Ref : gizmochina