[Zawgyi]

အေမရိကန္ႏိုင္ငံ အေျခစိုက္ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Google ကေတာ့ အခ်င္ခ်င္း ကပ္ျဖဳတ္ေနပါၿပီ။ ဇာတိေျမခ်င္းတူေနတဲ့ Apple ဟာ အေမရိကန္ႏိုင္ငံမွာ Google အတြက္ အႀကီးမားဆုံး ၿပိဳင္ဘက္ႀကီး ျဖစ္ေနတာေၾကာင့္ Google အေနနဲ႔ Pixel 3a စီးရီး စထြက္ ကတည္းက iPhone X ကို ဆက္တိုက္ဆိုသလို လိုက္ဖိုက္ေနခဲ့ပါတယ္။

ဒီတစ္ေခါက္မွာလည္း အေမရိကန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ႀကီးျဖစ္တဲ့ ဝါရွင္တန္ဒီစီမွာ ေၾကာ္ျငာဆိုင္းဘုတ္ေတြ လိုက္ကပ္ၿပီး Google က Apple ကို ဒဲ့ေလွာ္လိုက္ျပန္ပါၿပီ။ ကန္ေဒၚလာ ၉၉၉ ( ျမန္မာေငြ ၁၅သိန္း ဝန္းက်င္) တန္ေၾကးရွိ Phone X နဲ႔ ကန္ေဒၚလာ ၃၉၉ ( ျမန္မာေငြ ၆သိန္း ဝန္းက်င္) တန္ေၾကးရွိ Pixel 3a စာလုံးေတြကို အထက္/ေအာက္ ႏႈိင္းယွဥ္ေဖာ္ျပထားပါတယ္။ Phone X ဆိုတာကေတာ့ iPhone X ကို ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္မွာပါ။

ဒါ့အျပင္ ေနာက္ခံဓာတ္ပုံကလည္း Phone X မွာ ခပ္မည္းမည္းျဖစ္ေနၿပီး၊ Pixel 3a မွာေတာ့ ၾကည္ၾကည္လင္လင္ ရွိေနပါတယ္။ ဒါဟာ Pixel 3a မွာပါတဲ့ Google Night Sight ရဲ႕ အစြမ္းကို ဂုဏ္ေဖာ္ ႂကြားဝါလိုတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Google ရဲ႕ ဆိုလိုရင္းက ကန္ေဒၚလာ ၄၀၀ တန္ Pixel 3a ဟာ ကန္ေဒၚလာ ၁၀၀၀ တန္ iPhone X ရဲ႕ Low Light Photography ထက္သာေၾကာင္းကို ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္မယ္လို႔ ယူဆရပါတယ္။

Pixel 3a စီးရီးဟာ Google အတြက္ Budget စမတ္ဖုန္း အမ်ိဴးအစားေတြျဖစ္ေပမယ့္ Camera အပိုင္းမွာေတာ့ Flagship အဆင့္အတန္းလို႔ ေျပာရမွာပါ။ Pixel 3a စီးရီးကို Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Pixel 3 စီးရီးထက္ ေစ်းသက္သာေအာင္ Processor နဲ႔ Body အပိုင္းေတြကို အဓိကထားၿပီး ဝိတ္ေလွ်ာ့ခဲ့ေပမယ့္ ကင္မရာအပိုင္းကိုေတာ့ ဝိတ္ေလွ်ာခဲ့ျခင္း မရွိပါဘူး။ ဒါ့ေၾကာင့္ Google Pixel 3a စီးရီးဟာ ကင္မရာ အားကိုးနဲ႔ မိုက္ရဲေနတာ ျဖစ္ပါတယ္။

Ref: 9To5Google

[Unicode]

Apple ကို ဒဲ့ လှော်လိုက်တဲ့ Google

အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Google ကတော့ အချင်ချင်း ကပ်ဖြုတ်နေပါပြီ။ ဇာတိမြေချင်းတူနေတဲ့ Apple ဟာ အမေရိကန်နိုင်ငံမှာ Google အတွက် အကြီးမားဆုံး ပြိုင်ဘက်ကြီး ဖြစ်နေတာကြောင့် Google အနေနဲ့ Pixel 3a စီးရီး စထွက် ကတည်းက iPhone X ကို ဆက်တိုက်ဆိုသလို လိုက်ဖိုက်နေခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း အမေရိကန်နိုင်ငံရဲ့ မြို့တော်ကြီးဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ကြော်ငြာဆိုင်းဘုတ်တွေ လိုက်ကပ်ပြီး Google က Apple ကို ဒဲ့လှော်လိုက်ပြန်ပါပြီ။ ကန်ဒေါ်လာ ၉၉၉ ( မြန်မာငွေ ၁၅သိန်း ဝန်းကျင်) တန်ကြေးရှိ Phone X နဲ့ ကန်ဒေါ်လာ ၃၉၉ ( မြန်မာငွေ ၆သိန်း ဝန်းကျင်) တန်ကြေးရှိ Pixel 3a စာလုံးတွေကို အထက်/အောက် နှိုင်းယှဥ်ဖော်ပြထားပါတယ်။ Phone X ဆိုတာကတော့ iPhone X ကို ရည်ညွှန်းပြောဆိုလိုတာ ဖြစ်မှာပါ။

ဒါ့အပြင် နောက်ခံဓာတ်ပုံကလည်း Phone X မှာ ခပ်မည်းမည်းဖြစ်နေပြီး၊ Pixel 3a မှာတော့ ကြည်ကြည်လင်လင် ရှိနေပါတယ်။ ဒါဟာ Pixel 3a မှာပါတဲ့ Google Night Sight ရဲ့ အစွမ်းကို ဂုဏ်ဖော် ကြွားဝါလိုတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Google ရဲ့ ဆိုလိုရင်းက ကန်ဒေါ်လာ ၄၀၀ တန် Pixel 3a ဟာ ကန်ဒေါ်လာ ၁၀၀၀ တန် iPhone X ရဲ့ Low Light Photography ထက်သာကြောင်းကို ရည်ညွှန်းပြောဆိုလိုတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

 

Pixel 3a စီးရီးဟာ Google အတွက် Budget စမတ်ဖုန်း အမျိူးအစားတွေဖြစ်ပေမယ့် Camera အပိုင်းမှာတော့ Flagship အဆင့်အတန်းလို့ ပြောရမှာပါ။ Pixel 3a စီးရီးကို Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3 စီးရီးထက် စျေးသက်သာအောင် Processor နဲ့ Body အပိုင်းတွေကို အဓိကထားပြီး ဝိတ်လျှော့ခဲ့ပေမယ့် ကင်မရာအပိုင်းကိုတော့ ဝိတ်လျှောခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် Google Pixel 3a စီးရီးဟာ ကင်မရာ အားကိုးနဲ့ မိုက်ရဲနေတာ ဖြစ်ပါတယ်။

Ref: 9To5Google