[Zawgyi]

လြန္ခဲ့တဲ့ လေတြတုန္းက Google အေနနဲ႔ Budget Pixel ေတြ ထုတ္မယ္ဆိုတဲ့အေၾကာင္း သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ တိတိက်က်နဲ႔ ခိုင္ခိုင္မာမာေျပာဖို႔၊ လုံေလာက္တဲ့ အခ်က္အလက္က နည္းပါးခဲ့သလို ဘယ္အခ်ိန္ ေဈးကြက္ထဲမွာ ျမင္ေတြ႕ရမလဲဆိုတာကိုလည္း မသိႏိုင္ခဲ့ပါဘူး။

အခုအခ်ိန္မွာေတာ့ “Pixel 3a” နဲ႔ “Pixel 3a XL” (ဒီနာမည္အတိုင္းပဲ ထြက္လာမယ္လို႔ ယုံၾကည္ရပါတယ္) ႏွစ္မ်ိဳးစလုံးကို Google Play Developer Console မွာ ေတြ႕ျမင္ေနရပါၿပီ။ Play Console ရဲ႕ Device Catalog ဟာ ပုံမွန္အားျဖင့္ေတာ့ ဖုန္းေမာ္ဒယ္ေတြရဲ႕ အေျခခံ App ေတြကို ေတြ႕ျမင္ရပါတယ္။ အခုလည္း “bonito” နဲ႔ “sargo” ဆိုတဲ့ ကုဒ္နာမည္ေတြကို ေတြ႕ျမင္ရပါၿပီ။

Sargo ကေတာ့ Pixel 3a ကို ရည္ၫႊန္းတယ္လို႔ သိရပါတယ္။ Sargo ဟာ 1080 x 2220 Resolution နဲ႔ မ်က္ႏွာျပင္မ်ိဳးျဖစ္ၿပီး သိပ္သည္းဆ 440 DPI ျဖစ္ေၾကာင္း သိရပါတယ္။ OS အေနနဲ႔ Android 9 ေမာင္းႏွင္ထားတာေတြ႕ရၿပီး အမ်ိဳးအစားမသိရေသးတဲ့ Processor (Snapdragon ျဖစ္ဖြယ္ရွိ) နဲ႔ 4GB RAM ကို အသုံးျပဳထားတာလည္း သိရွိႏိုင္ၿပီ ျဖစ္ပါတယ္။

Bonito ကိုလည္း 4GB of RAM အမ်ိဳးအစားမသိႏိုင္ေသးတဲ့ Processor နဲ႔ပဲ ေတြ႕ရေသးပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္နဲ႔ ပတ္သက္ၿပီးေတာ့ 1080 x 2160 Resolution အမ်ိဳးအစားျဖစ္ေၾကာင္းနဲ႔ သိပ္သည္းဆ 400 DPI ျဖစ္ေကာင္း ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ Qualcomm Snapdragon ကို ရည္ၫႊန္းထားတာလည္း ေတြ႕ရပါတယ္။

အခုလို ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြကို ၾကည့္ျခင္းအားျဖင့္ Google ရဲ႕ “Pixel 3a” နဲ႔ “Pixel 3a XL” ေတြဟာ ၂၀၁၉ ႏွစ္လယ္ပိုင္းေလာက္မွာ မိတ္ဆက္လာဖြယ္ ရွိတယ္လို႔ ဆိုႏိုင္ပါတယ္။ Android Police ကေတာ့ ဒီ Pixel ႏွစ္မ်ိဳးစလုံးဟာ Verizon နဲ႔ လက္တြဲလာဖြယ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Google အေနနဲ႔ သူတို႔ရဲ႕ Budget Pixel ႏွစ္မ်ိဳးကို သိပ္မၾကာခင္မွာပဲ တရားဝင္မိတ္ဆက္လာဖြယ္ ရွိေနၿပီလို႔ ဆိုရမွာပါ။

Ref: Android Police

[Unicode]

၂၀၁၉ နှစ်လယ်ပိုင်းလောက်မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Google Pixel 3a နဲ့ 3a XL

လွန်ခဲ့တဲ့ လတွေတုန်းက Google အနေနဲ့ Budget Pixel တွေ ထုတ်မယ်ဆိုတဲ့အကြောင်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် တိတိကျကျနဲ့ ခိုင်ခိုင်မာမာပြောဖို့၊ လုံလောက်တဲ့ အချက်အလက်က နည်းပါးခဲ့သလို ဘယ်အချိန် ဈေးကွက်ထဲမှာ မြင်တွေ့ရမလဲဆိုတာကိုလည်း မသိနိုင်ခဲ့ပါဘူး။

အခုအချိန်မှာတော့ “Pixel 3a” နဲ့ “Pixel 3a XL” (ဒီနာမည်အတိုင်းပဲ ထွက်လာမယ်လို့ ယုံကြည်ရပါတယ်) နှစ်မျိုးစလုံးကို Google Play Developer Console မှာ တွေ့မြင်နေရပါပြီ။ Play Console ရဲ့ Device Catalog ဟာ ပုံမှန်အားဖြင့်တော့ ဖုန်းမော်ဒယ်တွေရဲ့ အခြေခံ App တွေကို တွေ့မြင်ရပါတယ်။ အခုလည်း “bonito” နဲ့ “sargo” ဆိုတဲ့ ကုဒ်နာမည်တွေကို တွေ့မြင်ရပါပြီ။

Sargo ကတော့ Pixel 3a ကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ Sargo ဟာ 1080 x 2220 Resolution နဲ့ မျက်နှာပြင်မျိုးဖြစ်ပြီး သိပ်သည်းဆ 440 DPI ဖြစ်ကြောင်း သိရပါတယ်။ OS အနေနဲ့ Android 9 မောင်းနှင်ထားတာတွေ့ရပြီး အမျိုးအစားမသိရသေးတဲ့ Processor (Snapdragon ဖြစ်ဖွယ်ရှိ) နဲ့ 4GB RAM ကို အသုံးပြုထားတာလည်း သိရှိနိုင်ပြီ ဖြစ်ပါတယ်။

Bonito ကိုလည်း 4GB of RAM အမျိုးအစားမသိနိုင်သေးတဲ့ Processor နဲ့ပဲ တွေ့ရသေးပါတယ်။ သူ့ရဲ့ မျက်နှာပြင်နဲ့ ပတ်သက်ပြီးတော့ 1080 x 2160 Resolution အမျိုးအစားဖြစ်ကြောင်းနဲ့ သိပ်သည်းဆ 400 DPI ဖြစ်ကောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် Qualcomm Snapdragon ကို ရည်ညွှန်းထားတာလည်း တွေ့ရပါတယ်။

အခုလို ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Google ရဲ့ “Pixel 3a” နဲ့ “Pixel 3a XL” တွေဟာ ၂၀၁၉ နှစ်လယ်ပိုင်းလောက်မှာ မိတ်ဆက်လာဖွယ် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ Android Police ကတော့ ဒီ Pixel နှစ်မျိုးစလုံးဟာ Verizon နဲ့ လက်တွဲလာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Google အနေနဲ့ သူတို့ရဲ့ Budget Pixel နှစ်မျိုးကို သိပ်မကြာခင်မှာပဲ တရားဝင်မိတ်ဆက်လာဖွယ် ရှိနေပြီလို့ ဆိုရမှာပါ။

Ref: Android Police