[Zawgyi]
Google ဟာ Apple နဲ့ OnePlus တို့လိုမျိုး Flagship စမတ်ဖုန်းစီးရီး တစ်မျိုးတည်းသာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် Flagship စီးရီး တစ်မျိုးတည်းသာ ထုတ်လုပ်ရုံနဲ့ Android စမတ်ဖုန်းဈေးကွက်ထဲကို ပေါက်ပေါက်မြောက်မြောက် မဝင်ရောက်နိုင်ဘူးဆိုတာ သိသွားတဲ့ Google ဟာ Mid-range နဲ့ Budget စမတ်ဖုန်းဈေးကွက်တွေကို မျက်စိကျလို့ နေပါတယ်။ ဒါ့ကြောင့်လည်း မူလပထမ Pixel 3 နဲ့ Pixel 3 XL တို့ထက် ပိုမိုဈေးသက်သာတဲ့ Lite ဗားရှင်း စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ပစ်မှတ်ထားလာတယ်လို့ ယူဆရပါတယ်။
Snapdragon 625 ကို အသုံးပြုထားတဲ့ Xiaomi Mi A1 နဲ့ Redmi Note 4 တို့လိုမျိုး Base Frequency က 2.0GHz ရှိမနေဘဲ 1.8GHz သာ ရှိနေတာကြောင့် အခုလိုမျိုး ဆိုးဝါးတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင် တချို့ကတော့ အဆိုပါ စမတ်ဖုန်းဟာ Pixel 3 Lite (3A) မဖြစ်နိုင်ဘဲ Google Pixel 4 အတွက် စမ်းသပ်နေဆဲ စမတ်ဖုန်းသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref : Gizmochina
[Unicode]
Snapdragon 625 နဲ့အတူ Geekbench ပေါ် ရောက်ရှိလာတဲ့ Google Pixel 3A
Google ဟာ Apple နဲ့ OnePlus တို့လိုမျိူး Flagship စမတ်ဖုန်းစီးရီး တစ်မျိူးတည်းသာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် Flagship စီးရီး တစ်မျိူးတည်းသာ ထုတ်လုပ်ရုံနဲ့ Android စမတ်ဖုန်းစျေးကွက်ထဲကို ပေါက်ပေါက်မြောက်မြောက် မဝင်ရောက်နိုင်ဘူးဆိုတာ သိသွားတဲ့ Google ဟာ Mid-range နဲ့ Budget စမတ်ဖုန်းစျေးကွက်တွေကို မျက်စိကျလို့ နေပါတယ်။ ဒါ့ကြောင့်လည်း မူလပထမ Pixel 3 နဲ့ Pixel 3 XL တို့ထက် ပိုမိုစျေးသက်သာတဲ့ Lite ဗားရှင်း စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ပစ်မှတ်ထားလာတယ်လို့ ယူဆရပါတယ်။
Google ရဲ့ Pixel 3 Lite (3A) နဲ့ Pixel 3 XL Lite တို့နဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရဆိုရင် အဆိုပါစမတ်ဖုန်းတွေမှာ Snapdragon 670 (Pixel 3 Lite) နဲ့ Snapdragon 710 (Pixel 3 XL Lite) တွေကို အသီးသီး အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းမှာတော့ Google Pixel 3 Lite (3A) မှာ Snapdragon 670 အစား Snapdragon 625 SoC ကိုသာ အသုံးပြုထားတယ်လို့ ပြောဆိုနေကြပါတယ်။
Google Pixel 3A အမည်ရှိ စမတ်ဖုန်းတစ်လုံးဟာ Geekbench ဝက်ဆိုက်ထဲကို ဝင်ရောက်လည်ပတ်သွားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ Operating System အပိုင်းအတွက် Android 10 ( Android Q) ကို ထည့်သွင်းမောင်းနှင်ထားတာ ဖြစ်ပြီး RAM အနေနဲ့ 2GB သာ ပါဝင်ပါတယ်။ Motherboard နေရာမှာ ဖော်ပြထားတဲ့ MSM8953 ဆိုတာကတော့ Snapdragon 625 ရဲ့ လျိူ့ဝှက်နာမည်ဖြစ်ပြီး Single-core Score နဲ့ Multi-core Score တွေက တော်တော်လေးကို အားရစရာ မကောင်းတာ တွေ့ရပါတယ်။
Snapdragon 625 ကို အသုံးပြုထားတဲ့ Xiaomi Mi A1 နဲ့ Redmi Note 4 တို့လိုမျိူး Base Frequency က 2.0GHz ရှိမနေဘဲ 1.8GHz သာ ရှိနေတာကြောင့် အခုလိုမျိူး ဆိုးဝါးတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါ စမတ်ဖုန်းဟာ Pixel 3 Lite (3A) မဖြစ်နိုင်ဘဲ Google Pixel 4 အတွက် စမ်းသပ်နေဆဲ စမတ်ဖုန်းသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref : Gizmochina