[Zawgyi]

Google အေနနဲ႔ သူတို႔ရဲ႕ Budget စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Pixel 3a စီးရီးကို မေန႔တုန္းက Google I/O 2019 မွာ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ Pixel 3a စီးရီးဟာ ဒီဇိုင္းပိုင္းအားျဖင့္ သူတို႔ရဲ႕ Flagship စမတ္ဖုန္းျဖစ္တဲ့ Pixel 3 နဲ႔ ဆင္တူေပမယ့္ ကိုယ္ထည္ကိုေတာ့ Glass အစား Plastic Body နဲ႔ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

Display အပိုင္းအတြက္ Pixel 3a မွာ 5.6” (1080 x 2220 pixels) OLED Display ကို အသုံးျပဳထားၿပီး Pixel 3a XL မွာေတာ့ 6” (1080 x 2160 pixels) OLED Display ကို အသုံးျပဳထားပါတယ္။ Gorilla Glass Protection ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Processor အပိုင္းအတြက္ Snapdragon 670 (10nm) SoC ကို အသုံးျပဳထားၿပီး၊ RAM 4GB + Storage 64GB ေမာ္ဒယ္တစ္မ်ိဴးတည္းသာ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

ကြၽန္ေတာ္ အပါအဝင္ လူေတာ္ေတာ္မ်ားမ်ား ေမွ်ာ္လင့္ေနတဲ့ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းကို ဝိတ္ေလွ်ာ့ မထားဘဲ Flagship စမတ္ဖုန္းေတြမွာ အသုံးျပဳခဲ့တဲ့ 12.2MP (f/1.8) Wide Camera ကိုပဲ တပ္ဆင္ေပးထားတာဟာ ဝမ္းသာစရာ သတင္းပါ။ ဒါေပမယ့္ Selfie Camera မွာေတာ့ Ultra-wide Sensor ကို ျဖဳတ္ခ်လိုက္ၿပီး 8M (f/2.0) Wide Camera တစ္လုံးတည္း တပ္ဆင္ေပးထားပါတယ္။ Speaker အပိုင္းကိုလည္း ဝိတ္ေလွ်ာ့မထားဘဲ Stereo Speakers ကိုပဲ အသုံးျပဳေပးထားပါတယ္။

Pixel 3a မွာ 3000mAh ဘက္ထရီ ပါဝင္ၿပီး Pixel 3a XL မွာေတာ့ 3700mAh ဘက္ထရီ ပါဝင္ပါဝယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးမွာ USB Type-C (2.0) ကေန တစ္ဆင့္ အသုံးျပဳႏိုင္မယ့္ 18W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။ Wireless Charging ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Pixel 3 နဲ႔ 3 XL တို႔မွာ ျဖဳတ္ခ်ခဲ့တဲ့ 3.5mm Headphone Jack ကို Pixel 3a စီးရီးမွာ ျပန္လည္ ထည့္သြင္းေပထားပါတယ္။

Google Pixel 3a စီးရီးေတြမွာပါ ပါဝင္လာတဲ့ Features ေတြကေတာ့ ကင္မရာပိုင္းဆိုင္ရာ Night Sight နဲ႔ Portrait Mode (Depth editor/Color pop) ၊ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို GooglePhotos မွာ အကန္႔အသတ္မရွိ သိမ္းဆည္းခြင့္၊ Call Screen နဲ႔ လုံၿခဳံေရးအပိုင္းအတြက္ သီးသန္႔ထည့္ေပးထားတဲ့ Titan M Security Chip တို႔ျဖစ္ပါတယ္။ Pixel 3a စီးရီးကို အေရာင္ေတြအေနနဲ႔ Clearly White, Purple-ish နဲ႔ Just Black ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ Pixel 3a က ကန္ေဒၚလာ ၃၉၉ ( ျမန္မာေငြ ၆သိန္း ဝန္းက်င္) က်သင့္ၿပီး Pixel 3a XL က ကန္ေဒၚလာ ၄၇၉ ( ျမန္မာေငြ ၇၃၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref : Google, GsmArena

[Unicode]

Google က Pixel 3a နဲ့ Pixel 3a XL တို့ကို တရားဝင် မိတ်ဆက်သွားပြီ

Google အနေနဲ့ သူတို့ရဲ့ Budget စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Pixel 3a စီးရီးကို မနေ့တုန်းက Google I/O 2019 မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Pixel 3a စီးရီးဟာ ဒီဇိုင်းပိုင်းအားဖြင့် သူတို့ရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Pixel 3 နဲ့ ဆင်တူပေမယ့် ကိုယ်ထည်ကိုတော့ Glass အစား Plastic Body နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Display အပိုင်းအတွက် Pixel 3a မှာ 5.6” (1080 x 2220 pixels) OLED Display ကို အသုံးပြုထားပြီး Pixel 3a XL မှာတော့ 6” (1080 x 2160 pixels) OLED Display ကို အသုံးပြုထားပါတယ်။ Gorilla Glass Protection တော့ ပါဝင်မှာ မဟုတ်ပါဘူး။ မော်ဒယ် ၂မျိူးစလုံးရဲ့ Processor အပိုင်းအတွက် Snapdragon 670 (10nm) SoC ကို အသုံးပြုထားပြီး၊ RAM 4GB + Storage 64GB မော်ဒယ်တစ်မျိူးတည်းသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကျွန်တော် အပါအဝင် လူတော်တော်များများ မျှော်လင့်နေတဲ့ နောက်ကျောဘက် ကင်မရာအပိုင်းကို ဝိတ်လျှော့ မထားဘဲ Flagship စမတ်ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ 12.2MP (f/1.8) Wide Camera ကိုပဲ တပ်ဆင်ပေးထားတာဟာ ဝမ်းသာစရာ သတင်းပါ။ ဒါပေမယ့် Selfie Camera မှာတော့ Ultra-wide Sensor ကို ဖြုတ်ချလိုက်ပြီး 8M (f/2.0) Wide Camera တစ်လုံးတည်း တပ်ဆင်ပေးထားပါတယ်။ Speaker အပိုင်းကိုလည်း ဝိတ်လျှော့မထားဘဲ Stereo Speakers ကိုပဲ အသုံးပြုပေးထားပါတယ်။

Pixel 3a မှာ 3000mAh ဘက်ထရီ ပါဝင်ပြီး Pixel 3a XL မှာတော့ 3700mAh ဘက်ထရီ ပါဝင်ပါဝယ်။ မော်ဒယ် ၂မျိူးစလုံးမှာ USB Type-C (2.0) ကနေ တစ်ဆင့် အသုံးပြုနိုင်မယ့် 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Wireless Charging တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Pixel 3 နဲ့ 3 XL တို့မှာ ဖြုတ်ချခဲ့တဲ့ 3.5mm Headphone Jack ကို Pixel 3a စီးရီးမှာ ပြန်လည် ထည့်သွင်းပေထားပါတယ်။

Google Pixel 3a စီးရီးတွေမှာပါ ပါဝင်လာတဲ့ Features တွေကတော့ ကင်မရာပိုင်းဆိုင်ရာ Night Sight နဲ့ Portrait Mode (Depth editor/Color pop) ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို GooglePhotos မှာ အကန့်အသတ်မရှိ သိမ်းဆည်းခွင့်၊ Call Screen နဲ့ လုံခြုံရေးအပိုင်းအတွက် သီးသန့်ထည့်ပေးထားတဲ့ Titan M Security Chip တို့ဖြစ်ပါတယ်။ Pixel 3a စီးရီးကို အရောင်တွေအနေနဲ့ Clearly White, Purple-ish နဲ့ Just Black ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ Pixel 3a က ကန်ဒေါ်လာ ၃၉၉ ( မြန်မာငွေ ၆သိန်း ဝန်းကျင်) ကျသင့်ပြီး Pixel 3a XL က ကန်ဒေါ်လာ ၄၇၉ ( မြန်မာငွေ ၇၃၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Google, GsmArena