Unicode

စမတ်ဖုန်းတွေရဲ့ Camera ပိုင်းကို Benchmark လုပ်နေတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ အခုနောက်ပိုင်းမှာ Camera အပြင် Audio ပိုင်းကိုပါ စမ်းသပ်လာတာဖြစ်ပါတယ်။ အဆိုပါ Audio စမ်းသပ်မှုက Audio Recording နဲ့ Playback ဆိုပြီး ၂ မျိုးခွဲခြားထားတာဖြစ်ပါတယ်။

အခု DxOMark ကနေ Google ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းတွေဖြစ်တဲ့ Google Pixel 4 ဖုန်းကို Audio ပိုင်း စမ်းသပ်ခဲ့ပြီး Total Score ၆၈ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ အခု ရမှတ်မှာ Playback ပိုင်းမှာ ၇၀ မှတ် နဲ့ Recording ပိုင်းမှာ ၆၃ မှတ် အသီးသီးရရှိထားတာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Audio ပိုင်းမှာ ၆၈ မှတ်ရရှိထားတဲ့အတွက် Google Pixel 4 ဖုန်းဟာ လက်ရှိမှာ Audio အကောင်းဆုံးစမတ်ဖုန်းတွေထဲမှာ နံပါတ် (၅) နေရာကို ရရှိခဲ့ပါတယ်။ Pixel 4 ရဲ့ အပေါ်မှာတော့ Apple iPhone 11 Pro Max နဲ့ ASUS ROG Phone 2 လိုမျိုး ဖုန်းတွေရှိနေပေမယ့် Pixel 4 အနေနဲ့ Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S10+ နဲ့ Note 10+ ဖုန်းတွေထက်တော့ ပိုကောင်းတဲ့ Audio Quality ရှိနေတာပဲဖြစ်ပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ Google Pixel 4 ဟာ အရွယ်အစားသေးငယ်တဲ့ဖုန်းတစ်ခုဖြစ်ပေမယ့် Speaker Quality က သိသိသာသာကို ကောင်းမွန်ပြီးတော့ Recording ပိုင်းမှာလည်း Distortion မရှိတဲ့အပြင် Video မှာလည်း ကောင်းမွန်တဲ့ Spatial Performance ကို ပေးနိုင်တယ်လို့ သိရပါတယ်။ ပုံမှန် အသုံးပြုသူတွေအတွက်ကတော့ Google Pixel 4 ရဲ့ Audio Quality က ထင်ထားတာထက်ပိုတဲ့ရလဒ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena