Zawgyi

Google ရဲ႕ Pixel 4 စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ တရားဝင္မမိတ္ဆက္ခင္မွာတင္ Leak အျဖစ္ဆုံးစမတ္ဖုန္းေတြလို႔ ေျပာလို႔ရေနပါၿပီ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Google ကေန ဒီ Pixel 4 ဖုန္းေတြအပါအဝင္ အျခားေသာ Product ေတြ မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေၾကညာလိုက္ပါၿပီ။

အခု Google ရဲ႕ ေၾကညာခ်က္အရေတာ့ New York City မွာ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ၾကရင္ Hardware Event တစ္ခုကို ျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ Google Pixel 4 ၊ Pixel 4 XL ဖုန္းေတြအျပင္ Pixelbook 2 ၊ Google Home Speakers အသစ္ေတြကိုပါ ျပသသြားဖို႔ရွိေနပါတယ္။ Google ကေတာ့ အခု Event Invite မွာ “Come see a few new things Made by Google” ဆိုၿပီးေတာ့ပဲ ေရးသားခဲ့တာျဖစ္ပါတယ္။

Google Pixel 4 စမတ္ဖုန္းေတြဟာ Leaks သတင္းေတြမ်ိဳးစုံထြက္ရွိေန႐ုံသာမကဘဲ Hands-on Video ေတြလည္း အမ်ားအျပားထြက္ရွိထားတဲ့အတြက္ ဒီ Launch Event မွာလည္း Software ပိုင္းမွာပဲ ထူးျခားတဲ့ Features ေတြကို မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါတယ္။ Hardware ပိုင္းအေနနဲ႔ကေတာ့ Google Pixel 4 ဖုန္းေတြမွာ 5.7″ နဲ႔ 6.3″ QHD+ 90Hz Display ၊ Snapdragon 855 ၊ RAM 6GB ပါဝင္လာမွာျဖစ္ၿပီး Battery အေနနဲ႔ေတာ့ Pixel 4 မွာ 2800mAh Battery နဲ႔ Pixel 4 XL မွာေတာ့ 3700mAh Battery ပါဝင္လာမွာပါ။

ဒ့ါအျပင္ Google Pixel 4 စမတ္ဖုန္းေတြဟာ Camera ပိုင္းအေနနဲ႔လည္း Triple Camera Setup ကို ေျပာင္းလဲအသုံးျပဳလာမွာျဖစ္တဲ့အတြက္ ယခင္က Single Camera Setup ကေန သိသိသာသာကို အဆင့္ျမႇင့္တင္လာဖြယ္ရွိေနပါတယ္။ ေနာက္ၿပီး ဖုန္းရဲ႕ အေရွ႕ဘက္ Display မွာလည္း Notch အစား 3D Face Unlock နဲ႔ Project Soli Radar Chip ေတြကိုထည့္သြင္းလာမွာျဖစ္ၿပီး Apple iPhone ေတြကို ယွဥ္ၿပိဳင္ႏိုင္မယ့္ Face Unlock အျပင္ Motion Gesture ေတြကိုပါ အသုံးျပဳႏိုင္မွာပါ။

ဘာပဲျဖစ္ျဖစ္ ဒီေလာက္ထိ Leak ေတြထြက္ေနတဲ့ Pixel 4 ဖုန္းေတြက Launch Event မွာ ဘာမွာ ထူးထူးျခားျခားေၾကညာဖို႔ရွိဦးမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရေအာင္ပါ။

Ref – The Verge

Unicode

Google ရဲ့ Pixel 4 စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ တရားဝင်မမိတ်ဆက်ခင်မှာတင် Leak အဖြစ်ဆုံးစမတ်ဖုန်းတွေလို့ ပြောလို့ရနေပါပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ ဒီ Pixel 4 ဖုန်းတွေအပါအဝင် အခြားသော Product တွေကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

အခု Google ရဲ့ ကြေညာချက်အရတော့ New York City မှာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ကြရင် Hardware Event တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီးတော့ Google Pixel 4 ၊ Pixel 4 XL ဖုန်းတွေအပြင် Pixelbook 2 ၊ Google Home Speakers အသစ်တွေကိုပါ ပြသသွားဖို့ရှိနေပါတယ်။ Google ကတော့ အခု Event Invite မှာ “Come see a few new things Made by Google” ဆိုပြီးတော့ပဲ ရေးသားခဲ့တာဖြစ်ပါတယ်။

Google Pixel 4 စမတ်ဖုန်းတွေဟာ Leaks သတင်းတွေမျိုးစုံထွက်ရှိနေရုံသာမကဘဲ Hands-on Video တွေလည်း အများအပြားထွက်ရှိထားတဲ့အတွက် ဒီ Launch Event မှာလည်း Software ပိုင်းမှာပဲ ထူးခြားတဲ့ Features တွေကို မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။ Hardware ပိုင်းအနေနဲ့ကတော့ Google Pixel 4 ဖုန်းတွေမှာ 5.7″ နဲ့ 6.3″ QHD+ 90Hz Display ၊ Snapdragon 855 ၊ RAM 6GB ပါဝင်လာမှာဖြစ်ပြီး Battery အနေနဲ့တော့ Pixel 4 မှာ 2800mAh Battery နဲ့ Pixel 4 XL မှာတော့ 3700mAh Battery ပါဝင်လာမှာပါ။

ဒ့ါအပြင် Google Pixel 4 စမတ်ဖုန်းတွေဟာ Camera ပိုင်းအနေနဲ့လည်း Triple Camera Setup ကို ပြောင်းလဲအသုံးပြုလာမှာဖြစ်တဲ့အတွက် ယခင်က Single Camera Setup ကနေ သိသိသာသာကို အဆင့်မြှင့်တင်လာဖွယ်ရှိနေပါတယ်။ နောက်ပြီး ဖုန်းရဲ့ အရှေ့ဘက် Display မှာလည်း Notch အစား 3D Face Unlock နဲ့ Project Soli Radar Chip တွေကိုထည့်သွင်းလာမှာဖြစ်ပြီး Apple iPhone တွေကို ယှဥ်ပြိုင်နိုင်မယ့် Face Unlock အပြင် Motion Gesture တွေကိုပါ အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ဒီလောက်ထိ Leak တွေထွက်နေတဲ့ Pixel 4 ဖုန်းတွေက Launch Event မှာ ဘာမှာ ထူးထူးခြားခြားကြေညာဖို့ရှိဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်ပါ။

Ref – The Verge