Zawgyi

Google Pixel 4 စမတ္ဖုန္းေတြဟာ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ေပမယ့္ အခုအခ်ိန္အထိကို Leak ေတြက ထြက္ရွိေနတုန္းပါ။ အခုလည္း Pixel 4 ဖုန္းပုံမဟုတ္ေပမယ့္ Packaging Design ဓါတ္ပုံေတြက ေပါက္ၾကားလာခဲ့ျပန္ပါၿပီ။

အခု Pixel 4 ရဲ႕ Packaging ဓါတ္ပုံေတြက Reddit မွာ စတင္ထြက္ေပၚလာမွာျဖစ္ၿပီးေတာ့ Pixel 4 Black ရဲ႕ ဘူးခြံပုံေတြပဲျဖစ္ပါတယ္။ အခု ဓါတ္ပုံေတြမွာေတာ့ ထူးထူးျခားျခား Feature ေတြကို မေတြ႕ရေပမယ့္လည္း Pixel 4 Black Color ရဲ႕ အျဖဴေရာင္ Power Button ကိုေတာ့ အတည္ျပဳႏိုင္ခဲ့ပါတယ္။ ဘူးခြံရဲ႕ အေရွ႕ဘက္ျခမ္းမွာ Pixel 4 Black ရဲ႕ ေနာက္ဖက္ပုံနဲ႔အတူ ဘူးခြံရဲ႕ေနာက္ဖက္မွာလည္း Pixel 4 Black ရဲ႕ ေနာက္ဖက္ျခမ္းနဲ႔ “Google” ၊ “#teampixel”Hashtag စာသားေတြကို ေတြ႕ရပါတယ္။

အခု Pixel 4 ဘူးခြံအရ Pixel 4 စမတ္ဖုန္းဟာ 5.7″ Screen Size နဲ႔ 64GB Storage ပါဝင္မွာျဖစ္ၿပီးေတာ့ Packaging ထဲမွာဆိုရင္ 18W USB-C Power Adapter ၊ Charging Cable နဲ႔ Quick Switch Adapter ေတြပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ မႏွစ္တုန္းက Pixel 3 ဖုန္းေတြမွာ ပါဝင္ခဲ့တဲ့ USB-C Earbuds နဲ႔ USB-C to 3.5mm Audio Dongle ေတြလည္း ပါဝင္ျခင္းမရွိေတာ့ပါဘူး။

အခု Pixel 4 Model Number A4RG020I Unit ဟာဆိုရင္ Vietnam Made In China လို႔ ေရးသားထားၿပီး စစ္မွန္ေၾကာင္းအတည္ျပဳႏိုင္တဲ့ Holographic Sticker လည္း ပါဝင္ေနပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီႏွစ္အတြက္ ေနာက္ဆုံး Major Flagship ဖုန္းေတြလို႔ ေျပာလို႔ရမယ့္ Google Pixel 4 ဖုန္းေတြကို မၾကာခင္တရားဝင္ျမင္ရေတာ့မွာပါ။

Ref – 9to5Google

Unicode

Google Pixel 4 စမတ်ဖုန်းတွေဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပေမယ့် အခုအချိန်အထိကို Leak တွေက ထွက်ရှိနေတုန်းပါ။ အခုလည်း Pixel 4 ဖုန်းပုံမဟုတ်ပေမယ့် Packaging Design ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။

အခု Pixel 4 ရဲ့ Packaging ဓါတ်ပုံတွေက Reddit မှာ စတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့ Pixel 4 Black ရဲ့ ဘူးခွံပုံတွေပဲဖြစ်ပါတယ်။ အခု ဓါတ်ပုံတွေမှာတော့ ထူးထူးခြားခြား Feature တွေကို မတွေ့ရပေမယ့်လည်း Pixel 4 Black Color ရဲ့ အဖြူရောင် Power Button ကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဘူးခွံရဲ့ အရှေ့ဘက်ခြမ်းမှာ Pixel 4 Black ရဲ့ နောက်ဖက်ပုံနဲ့အတူ ဘူးခွံရဲ့နောက်ဖက်မှာလည်း Pixel 4 Black ရဲ့ နောက်ဖက်ခြမ်းနဲ့ “Google” ၊ “#teampixel”Hashtag စာသားတွေကို တွေ့ရပါတယ်။

အခု Pixel 4 ဘူးခွံအရ Pixel 4 စမတ်ဖုန်းဟာ 5.7″ Screen Size နဲ့ 64GB Storage ပါဝင်မှာဖြစ်ပြီးတော့ Packaging ထဲမှာဆိုရင် 18W USB-C Power Adapter ၊ Charging Cable နဲ့ Quick Switch Adapter တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ မနှစ်တုန်းက Pixel 3 ဖုန်းတွေမှာ ပါဝင်ခဲ့တဲ့ USB-C Earbuds နဲ့ USB-C to 3.5mm Audio Dongle တွေလည်း ပါဝင်ခြင်းမရှိတော့ပါဘူး။

အခု Pixel 4 Model Number A4RG020I Unit ဟာဆိုရင် Vietnam Made In China လို့ ရေးသားထားပြီး စစ်မှန်ကြောင်းအတည်ပြုနိုင်တဲ့ Holographic Sticker လည်း ပါဝင်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် နောက်ဆုံး Major Flagship ဖုန်းတွေလို့ ပြောလို့ရမယ့် Google Pixel 4 ဖုန်းတွေကို မကြာခင်တရားဝင်မြင်ရတော့မှာပါ။

Ref – 9to5Google