Zawgyi

Google Pixel စမတ္ဖုန္းေတြဟာ Android OS သုံးဖုန္းေတြထဲမွာ Smart အျဖစ္ဆုံးေသာ စမတ္ဖုန္းေတြလို႔ ေျပာႏိုင္ေပမယ့္ အခုအခ်ိန္အထိ Voice Recorder App က Default အေနနဲ႔ပါဝင္ျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ Google ကေန Pixel 4 ဖုန္းမွာေတာ့ Recorder App ကို ထည့္သြင္းေပးလာေတာ့မယ့္ပုံစံပါပဲ။

Pixel 4 မွာ စတင္ပါဝင္လာမယ့္ Recorder Application ဟာ လက္ရွိ Voice Recording App ေတြနဲ႔ လုံးဝကြဲျပားတဲ့ Feature ေတြပါဝင္လာမွာျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးေသာ Recorder App ေတာင္ ျဖစ္လာႏိုင္ပါတယ္။ ဘယ္လို Feature ေတြလည္းဆိုရင္ Live Transcribe Feature ပါဝင္လာမွာျဖစ္ၿပီး Recording ျပဳလုပ္ထားတဲ့ စကားေတြကို Text အေနနဲ႔ အလိုအေလ်ာက္ေျပာင္းလဲေပးသြားမွာျဖစ္ပါတယ္။ ဒါကလည္း Internet ရွိစရာမလိုအပ္ဘဲ Offline အလုပ္လုပ္ႏိုင္မွာပါ။

ဒါတင္မဟုတ္ေသးဘဲ Pixel 4 ရဲ႕ Voice Recorder App ဟာ Record ျပဳလုပ္ထားတဲ့ Recording ေတြကို နားေထာင္ၿပီးေတာ့ စကားလုံးတစ္ခုခ်င္းစီ၊ ဒါမွမဟုတ္ သီခ်င္း၊ ရယ္သံေတြကို သိရွိၿပီးေတာ့ ျပန္လည္ရွာေဖြႏိုင္ဦးမွာပါ။ ဒါက လက္ရွိမွာ File Name နဲ႔ပဲ ျပန္လည္ရွာေဖြႏိုင္တဲ့ Recorder App ေတြနဲ႔ယွဥ္ရင္ သိသိသာသာကို အားသာခ်က္တစ္ခုျဖစ္လာႏိုင္မွာပါ။

Google အေနနဲ႔ Pixel 4 စမတ္ဖုန္းမွာ Assistant ကို Offline အသုံးျပဳႏိုင္ေအာင္ 100GB ဝန္းက်င္ရွိတဲ့ Voice Data ေတြကို 0.5GB အထိ ခ်ဴံပစ္ၿပီးေတာ့ Offline အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ေပးထားတဲ့အတြက္ အခုလိုမ်ိဳး Powerful ျဖစ္တဲ့ Recorder App ကို ထည့္သြင္းလာႏိုင္တာလို႔ ယူဆရပါတယ္။ ဒါေပမယ့္ ဒီ Recorder App ကို Pixel 4 မဟုတ္တဲ့ တျခားေသာ စမတ္ဖုန္းေတြမွာပါ အသုံးျပဳႏိုင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Android Authority

Unicode

Google Pixel စမတ်ဖုန်းတွေဟာ Android OS သုံးဖုန်းတွေထဲမှာ Smart အဖြစ်ဆုံးသော စမတ်ဖုန်းတွေလို့ ပြောနိုင်ပေမယ့် အခုအချိန်အထိ Voice Recorder App က Default အနေနဲ့ပါဝင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Google ကနေ Pixel 4 ဖုန်းမှာတော့ Recorder App ကို ထည့်သွင်းပေးလာတော့မယ့်ပုံစံပါပဲ။

Pixel 4 မှာ စတင်ပါဝင်လာမယ့် Recorder Application ဟာ လက်ရှိ Voice Recording App တွေနဲ့ လုံးဝကွဲပြားတဲ့ Feature တွေပါဝင်လာမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အကောင်းဆုံးသော Recorder App တောင် ဖြစ်လာနိုင်ပါတယ်။ ဘယ်လို Feature တွေလည်းဆိုရင် Live Transcribe Feature ပါဝင်လာမှာဖြစ်ပြီး Recording ပြုလုပ်ထားတဲ့ စကားတွေကို Text အနေနဲ့ အလိုအလျောက်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ ဒါကလည်း Internet ရှိစရာမလိုအပ်ဘဲ Offline အလုပ်လုပ်နိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ Pixel 4 ရဲ့ Voice Recorder App ဟာ Record ပြုလုပ်ထားတဲ့ Recording တွေကို နားထောင်ပြီးတော့ စကားလုံးတစ်ခုချင်းစီ၊ ဒါမှမဟုတ် သီချင်း၊ ရယ်သံတွေကို သိရှိပြီးတော့ ပြန်လည်ရှာဖွေနိုင်ဦးမှာပါ။ ဒါက လက်ရှိမှာ File Name နဲ့ပဲ ပြန်လည်ရှာဖွေနိုင်တဲ့ Recorder App တွေနဲ့ယှဥ်ရင် သိသိသာသာကို အားသာချက်တစ်ခုဖြစ်လာနိုင်မှာပါ။

Google အနေနဲ့ Pixel 4 စမတ်ဖုန်းမှာ Assistant ကို Offline အသုံးပြုနိုင်အောင် 100GB ဝန်းကျင်ရှိတဲ့ Voice Data တွေကို 0.5GB အထိ ချူံပစ်ပြီးတော့ Offline အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတဲ့အတွက် အခုလိုမျိုး Powerful ဖြစ်တဲ့ Recorder App ကို ထည့်သွင်းလာနိုင်တာလို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီ Recorder App ကို Pixel 4 မဟုတ်တဲ့ တခြားသော စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority