[Zawgyi]

Google Pixel 4 ေတြကို တရားဝင္ မိတ္ဆက္ခဲ့တာ ရက္သတၱပတ္ေက်ာ္သြားၿပီျဖစ္ေပမယ့္ အခုအခ်ိန္ထိ မီဒီယာေတြရဲ႕ စာမ်က္ႏွာေတြထက္မွာ ေနရာယူေနတုန္း ျဖစ္ပါတယ္။ တရားဝင္ မိတ္မဆက္ခင္တုန္းက ေပါက္ၾကားသတင္းေတြေၾကာင့္ နာမည္ႀကီးခဲ့သလို၊ တရားဝင္မိတ္ဆက္ၿပီးခ်ိန္မွာလည္း ခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ နာမည္ႀကီးခဲ့တာပါ။

ၿပီးခဲ့တဲ့ရက္သတၱပတ္တုန္းကပဲ Face Unlock ရဲ႕ Eye Detection ျပႆနာေပၚလာတာေၾကာင့္ ကုမၸဏီက ျပန္လည္ေျဖရွင္းေပးဖို႔ ျပဳလုပ္ေနၾကတယ္လို႔ အေၾကာင္းျပန္ခဲ့ရပါတယ္။ ဒါေပမယ့္ Eye Detection ျပႆနာ ထြက္ေပၚလာၿပီးေနာက္ Pixel 4 ေတြအတြက္ ေကာင္းမြန္တဲ့သတင္းကလည္း ထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ Pixel 4 ႏွစ္မ်ိဳးစလုံးဟာ 11W fast wireless charging ကို ေထာက္ပံ့ေပးတယ္ဆိုတဲ့ သတင္းပါ။

Google ဟာ Pixel 4 ေတြမွာ 11W fast wireless charging ေထာက္ပံ့ေပးထားတယ္ဆိုတာကို တိုက္႐ိုက္ေျပာဆိုထားျခင္း မရွိပါဘူး။ ေျပာရရင္ေတာ့ ေဈးကြက္ထဲေရာက္ၿပီးေတာ့မွ သိလိုက္ရလို႔ အံ့အားသင့္စရာလို ျဖစ္သြားခဲ့တာပါ။ ဒီအေၾကာင္းကို Wirelesspowerconsortium.com ကတစ္ဆင့္ သိရွိခဲ့ၾကရတာလည္း ျဖစ္ပါတယ္။

အရင္မ်ိဳးဆက္ျဖစ္တဲ့ Pixel 3 တုန္းက 5W Wireless charging စနစ္ကိုပဲ ေထာက္ပံ့ေပးထားခဲ့တာေၾကာင့္ Pixel 4 ေတြမွာ ေထာက္ပံ့ထားတဲ့ပမာဏက ႏွစ္ဆေလာက္ ခုန္တက္သြားတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ Google က တရားဝင္ အေသးစိတ္ေျပာမထားတာကလည္း အံ့အားသင့္စရာ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Pixel 4 တွေမှာ 11W Fast Wireless Charging စနစ် ထောက်ပံ့ပေးထားတယ်လို့ သတင်းထွက်ပေါ်လာ

Google Pixel 4 တွေကို တရားဝင် မိတ်ဆက်ခဲ့တာ ရက်သတ္တပတ်ကျော်သွားပြီဖြစ်ပေမယ့် အခုအချိန်ထိ မီဒီယာတွေရဲ့ စာမျက်နှာတွေထက်မှာ နေရာယူနေတုန်း ဖြစ်ပါတယ်။ တရားဝင် မိတ်မဆက်ခင်တုန်းက ပေါက်ကြားသတင်းတွေကြောင့် နာမည်ကြီးခဲ့သလို၊ တရားဝင်မိတ်ဆက်ပြီးချိန်မှာလည်း ချို့ယွင်းချက်တွေကြောင့် နာမည်ကြီးခဲ့တာပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကပဲ Face Unlock ရဲ့ Eye Detection ပြဿနာပေါ်လာတာကြောင့် ကုမ္ပဏီက ပြန်လည်ဖြေရှင်းပေးဖို့ ပြုလုပ်နေကြတယ်လို့ အကြောင်းပြန်ခဲ့ရပါတယ်။ ဒါပေမယ့် Eye Detection ပြဿနာ ထွက်ပေါ်လာပြီးနောက် Pixel 4 တွေအတွက် ကောင်းမွန်တဲ့သတင်းကလည်း ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Pixel 4 နှစ်မျိုးစလုံးဟာ 11W fast wireless charging ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းပါ။

Google ဟာ Pixel 4 တွေမှာ 11W fast wireless charging ထောက်ပံ့ပေးထားတယ်ဆိုတာကို တိုက်ရိုက်ပြောဆိုထားခြင်း မရှိပါဘူး။ ပြောရရင်တော့ ဈေးကွက်ထဲရောက်ပြီးတော့မှ သိလိုက်ရလို့ အံ့အားသင့်စရာလို ဖြစ်သွားခဲ့တာပါ။ ဒီအကြောင်းကို Wirelesspowerconsortium.com ကတစ်ဆင့် သိရှိခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အရင်မျိုးဆက်ဖြစ်တဲ့ Pixel 3 တုန်းက 5W Wireless charging စနစ်ကိုပဲ ထောက်ပံ့ပေးထားခဲ့တာကြောင့် Pixel 4 တွေမှာ ထောက်ပံ့ထားတဲ့ပမာဏက နှစ်ဆလောက် ခုန်တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Google က တရားဝင် အသေးစိတ်ပြောမထားတာကလည်း အံ့အားသင့်စရာ တစ်မျိုးပဲ ဖြစ်ပါတယ်။

Ref: GSM Arena