Zawgyi

Google ကေန ၿပီးခဲ့တဲ့ လတုန္းက မိတ္ဆက္ထားခဲ့တဲ့ Google Pixel 4 Series စမတ္ဖုန္းေတြဟာ Camera ပိုင္းမွာ Ultrawide Lens မပါဝင္တာနဲ႔ 90Hz Display က အခ်ိန္တိုင္းအလုပ္မလုပ္တဲ့ ျပႆနာေတြေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ အခုလည္း Pixel 4 ဖုန္းေတြမွာ ေနာက္ထပ္ ျပႆနာတစ္ခုက ထပ္ၿပီး ေပၚလာျပန္ပါၿပီ။

ဒါကေတာ့ စမတ္ဖုန္းေတြရဲ႕ အၾကမ္းခံႏိုင္မႈစြမ္းရည္ကို စစ္ေဆးတဲ့ YouTube Channel တစ္ခုျဖစ္တဲ့ JerryRig Everything ကေန Pixel 4 XL ရဲ႕ အၾကမ္းခံႏိုင္မႈကို စစ္ေဆးတဲ့ Video ကို တင္ထားခဲ့ၿပီး ရလဒ္ေတြက မလွပခဲ့ပါဘူး။ အခု Video မွာ ပုံမွန္ Scratch Test ေတြနဲ႔ Screen Burning Test ေတြမွာေတာ့ အဆင္ေျပခဲ့ေပမယ့္ Bending Test မွာ ျပႆနာရွိေနခဲ့တာျဖစ္ပါတယ္။

အခု Video အရေတာ့ Pixel 4 XL ဖုန္းဟာ အေနာက္ဖက္ကေန ေကြးရင္ေတာ့ Pressure ကို ခံႏိုင္ေပမယ့္ ဖုန္းရဲ႕ အေရွ႕ဖက္ကေန ေကြးလိုက္ရင္ေတာ့ Pressure ကို မခံႏိုင္ဘဲ ဖုန္းရဲ႕ Antenna Lines ေနရာေတြကေန ထက္ပိုင္းက်ိဳးသြားတာပဲျဖစ္ပါတယ္။ အဆိုပါ Video ကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏိုင္မွာပါ။

ဘာပဲျဖစ္ျဖစ္ Google Pixel Series ဖုန္းေတြထဲမွာ အခု Pixel 4 XL စမတ္ဖုန္းက ပထမဆုံးအေနနဲ႔ JerryRig Everything မွာ Bend Test ကို မခံႏိုင္တဲ့ ပထမဆုံးဖုန္းျဖစ္လာၿပီးေတာ့ ၂၀၁၉ ခုႏွစ္အတြက္ Flagship ဖုန္းေတြၾကားမွာ အားနည္းခ်က္တစ္ခုျဖစ္လာတယ္လို႔ေတာင္ ေျပာရမွာပါ။

Ref – GSM Arena

Unicode

Google ကနေ ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်ထားခဲ့တဲ့ Google Pixel 4 Series စမတ်ဖုန်းတွေဟာ Camera ပိုင်းမှာ Ultrawide Lens မပါဝင်တာနဲ့ 90Hz Display က အချိန်တိုင်းအလုပ်မလုပ်တဲ့ ပြဿနာတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အခုလည်း Pixel 4 ဖုန်းတွေမှာ နောက်ထပ် ပြဿနာတစ်ခုက ထပ်ပြီး ပေါ်လာပြန်ပါပြီ။

ဒါကတော့ စမတ်ဖုန်းတွေရဲ့ အကြမ်းခံနိုင်မှုစွမ်းရည်ကို စစ်ဆေးတဲ့ YouTube Channel တစ်ခုဖြစ်တဲ့ JerryRig Everything ကနေ Pixel 4 XL ရဲ့ အကြမ်းခံနိုင်မှုကို စစ်ဆေးတဲ့ Video ကို တင်ထားခဲ့ပြီး ရလဒ်တွေက မလှပခဲ့ပါဘူး။ အခု Video မှာ ပုံမှန် Scratch Test တွေနဲ့ Screen Burning Test တွေမှာတော့ အဆင်ပြေခဲ့ပေမယ့် Bending Test မှာ ပြဿနာရှိနေခဲ့တာဖြစ်ပါတယ်။

အခု Video အရတော့ Pixel 4 XL ဖုန်းဟာ အနောက်ဖက်ကနေ ကွေးရင်တော့ Pressure ကို ခံနိုင်ပေမယ့် ဖုန်းရဲ့ အရှေ့ဖက်ကနေ ကွေးလိုက်ရင်တော့ Pressure ကို မခံနိုင်ဘဲ ဖုန်းရဲ့ Antenna Lines နေရာတွေကနေ ထက်ပိုင်းကျိုးသွားတာပဲဖြစ်ပါတယ်။ အဆိုပါ Video ကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Google Pixel Series ဖုန်းတွေထဲမှာ အခု Pixel 4 XL စမတ်ဖုန်းက ပထမဆုံးအနေနဲ့ JerryRigs Everything မှာ Bend Test ကို မခံနိုင်တဲ့ ပထမဆုံးဖုန်းဖြစ်လာပြီးတော့ ၂၀၁၉ ခုနှစ်အတွက် Flagship ဖုန်းတွေကြားမှာ အားနည်းချက်တစ်ခုဖြစ်လာတယ်လို့တောင် ပြောရမှာပါ။

Ref – GSM Arena