Unicode

Google ကနေ ယခုနှစ် မေလတုန်းက Google I/O 2018 မှာ Pixel 3a စမတ်ဖုန်းကို စတင်မိတ်ဆက်ခဲ့ပြီးတော့ စျေးသက်သာတဲ့ Mid Range ဖုန်းစျေးကွက်ထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ Google Pixel 3a ဖုန်းဟာ အောင်မြင်မှုရရှိခဲ့ပြီးတော့ Google ကနေ နောက်နှစ်မှာလည်း Pixel 4a ကို ဆက်လက်မိတ်ဆက်မယ့် ရာခိုင်နှုန်းကများလာခဲ့ပါတယ်။

အခုအချိန်မှာတော့ Leaks သတင်းတွေကို တိကျစွာဖော်ပြတတ်တဲ့ OnLeaks ကနေ Google Pixel 4a ရဲ့ Render ပုံတွေကို ဖော်ပြလိုက်ပါတယ်။ အခု Render ပုံတွေအရ Pixel 4a ဖုန်းရဲ့ စိတ်ဝင်စားဖွယ် Design ကိုလည်း မြင်တွေ့လာရပါတယ်။

ဘာကြောင့်လည်းဆိုရင် Pixel 4a ဖုန်းမှာ Notch တွေ၊ Display အပေါ်ဘက်ဘောင်တွေအစား Punch-hole Selfie Camera ကို အသုံးပြုလာတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Google Pixel 4 Series ဖုန်းတွေထက်တောင် Design အရ လှပတယ်လို့ ပြောရမှာပါ။

အခုလိုမျိုး Punch-hole Display ကို အသုံးပြုလာတာကလည်း Pixel 4a မှာ Pixel 4 Series ဖုန်းတွေလိုမျိုး 3D Face Unlock နဲ့ MotionSense လိုမျိုး Feature တွေပါဝင်မှာမဟုတ်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းကို Unlock ပြုလုပ်ဖို့ကို နောက်ကျောဘက်က Fingerprint Sensor ကိုပဲ အသုံးပြုရဦးမှာပါ။

နောက်ထပ် Design ပိုင်းထူးခြားတဲ့အချက်ကတော့ Camera ပဲဖြစ်ပြီး Pixel 4 Series ဖုန်းတွေမှာ Dual Camera ကို အဆင့်မြှင့်တင်လာပေမယ့် Pixel 4a မှာတော့ Single Camera ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Camera Design ကတော့ Pixel 4 ဖုန်းတွေလိုဖြစ်လာမှာပါ။

အခု Google Pixel 4a စမတ်ဖုန်းဟာ Poly-carbonate Body ၊ 3.5mm Audio Jack ၊ Stereo Speakers ၊ OLED Display ပါဝင်မှာဖြစ်ပြီးတော့ Pixel 3a လိုမျိုးပဲ လာမယ့် မေလ ၂၀၂၀ မှာပြုလုပ်မယ့် Google I/O 2020 မှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ Pixel 3a ဖုန်းက $399 ကနေ စတင်တယ်ဆိုပေမယ့် ဒီ Pixel 4a ရဲ့ စျေးနှုန်းက ပိုများနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Phone Arena

Zawgyi

Google ကေန ယခုႏွစ္ ေမလတုန္းက Google I/O 2018 မွာ Pixel 3a စမတ္ဖုန္းကို စတင္မိတ္ဆက္ခဲ့ၿပီးေတာ့ ေစ်းသက္သာတဲ့ Mid Range ဖုန္းေစ်းကြက္ထဲဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ အဆိုပါ Google Pixel 3a ဖုန္းဟာ ေအာင္ျမင္မႈရရွိခဲ့ၿပီးေတာ့ Google ကေန ေနာက္ႏွစ္မွာလည္း Pixel 4a ကို ဆက္လက္မိတ္ဆက္မယ့္ ရာခိုင္ႏႈန္းကမ်ားလာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Leaks သတင္းေတြကို တိက်စြာေဖာ္ျပတတ္တဲ့ OnLeaks ကေန Google Pixel 4a ရဲ႕ Render ပုံေတြကို ေဖာ္ျပလိုက္ပါတယ္။ အခု Render ပုံေတြအရ Pixel 4a ဖုန္းရဲ႕ စိတ္ဝင္စားဖြယ္ Design ကိုလည္း ျမင္ေတြ႕လာရပါတယ္။

ဘာေၾကာင့္လည္းဆိုရင္ Pixel 4a ဖုန္းမွာ Notch ေတြ၊ Display အေပၚဘက္ေဘာင္ေတြအစား Punch-hole Selfie Camera ကို အသုံးျပဳလာတာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ လက္ရွိ Google Pixel 4 Series ဖုန္းေတြထက္ေတာင္ Design အရ လွပတယ္လို႔ ေျပာရမွာပါ။

အခုလိုမ်ိဳး Punch-hole Display ကို အသုံးျပဳလာတာကလည္း Pixel 4a မွာ Pixel 4 Series ဖုန္းေတြလိုမ်ိဳး 3D Face Unlock နဲ႔ MotionSense လိုမ်ိဳး Feature ေတြပါဝင္မွာမဟုတ္တာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဖုန္းကို Unlock ျပဳလုပ္ဖို႔ကို ေနာက္ေက်ာဘက္က Fingerprint Sensor ကိုပဲ အသုံးျပဳရဦးမွာပါ။

ေနာက္ထပ္ Design ပိုင္းထူးျခားတဲ့အခ်က္ကေတာ့ Camera ပဲျဖစ္ၿပီး Pixel 4 Series ဖုန္းေတြမွာ Dual Camera ကို အဆင့္ျမႇင့္တင္လာေပမယ့္ Pixel 4a မွာေတာ့ Single Camera ကိုပဲ ဆက္လက္အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ Camera Design ကေတာ့ Pixel 4 ဖုန္းေတြလိုျဖစ္လာမွာပါ။

အခု Google Pixel 4a စမတ္ဖုန္းဟာ Poly-carbonate Body ၊ 3.5mm Audio Jack ၊ Stereo Speakers ၊ OLED Display ပါဝင္မွာျဖစ္ၿပီးေတာ့ Pixel 3a လိုမ်ိဳးပဲ လာမယ့္ ေမလ ၂၀၂၀ မွာျပဳလုပ္မယ့္ Google I/O 2020 မွာ မိတ္ဆက္သြားဖြယ္ရွိေနပါတယ္။ Pixel 3a ဖုန္းက $399 ကေန စတင္တယ္ဆိုေပမယ့္ ဒီ Pixel 4a ရဲ႕ ေစ်းႏႈန္းက ပိုမ်ားႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Phone Arena