Zawgyi

လာမယ့္ေအာက္တိုဘာလမွာ မိတ္ဆက္လာမယ္လို႔ ယူဆရတဲ့ Google ရဲ႕ Pixel 4 စမတ္ဖုန္းေတြဟာ အခုအခ်ိန္အထိ တရားဝင္မိတ္ဆက္မယ့္အခ်ိန္ကို မေၾကညာရေသးပါဘူး။ ဒါေပမယ့္ Apple Event ျပဳလုပ္တဲ့အခ်ိန္ကစၿပီးေတာ့ ဆက္တိုက္ကို Leak သတင္းေတြထြက္ရွိေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာဆိုရင္ Pixel 4 ဖုန္းေတြထုတ္လုပ္တဲ့ ႏိုင္ငံျဖစ္တဲ့ Vietnam က Tech Channel ေတြကေန ဆက္တိုက္ကို Hands-on Video ေတြ၊ Gaming Test ေတြနဲ႔ တျခား Pixel 4 Video အမ်ားအျပားကိုတင္ထားၿပီးလည္းျဖစ္ပါတယ္။ အခုလည္း Google Pixel 4 XL စမတ္ဖုန္းကို Samsung ရဲ႕ Galaxy Note 10+ နဲ႔ ႏႈိင္းယွဥ္ထားတဲ့ Video တစ္ခုက ထြက္ေပၚလာပါၿပီ။

ဒီ Galaxy Note 10+ နဲ႔ Pixel 4 XL ဖုန္းေတြကို ႏႈိင္းယွဥ္ထားတဲ့ Video ကိုေတာ့ မၾကာေသးခင္တုန္းက Pixel 4 XL ဖုန္းရဲ႕ Gaming Test Video ကို တင္ထားခဲ့တဲ့ Re.lab Channel ကပဲ တင္ထားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ Video လိုမ်ိဳးပဲ English Caption ပါဝင္တဲ့အတြက္ ၾကည့္လို႔လည္း အဆင္ေျပမွာပါ။

အခု Video မွာ Pixel 4 XL က Demo Prototype Version တစ္ခုျဖစ္ေနတဲ့အတြက္ Camera ပိုင္းမွာ Feature အကုန္လုံးကို အသုံးျပဳလို႔မရေသးတာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္ Photos ပိုင္းမွာ Galaxy Note 10+ ထက္ ပိုသာေနေသးတာကို ေတြ႕ရၿပီးေတာ့ Video ပိုင္းမွာကေတာ့ Galaxy Note 10+ က ပိုေကာင္းေနတုန္းပါပဲ။

Re.lab Channel ကေတာ့ Pixel 4 XL သာ Final Version ျဖစ္သြားတဲ့အခ်ိန္ၾကရင္ Samsung Galaxy Note 10+ ထက္ သာသြားမွာက်ိန္းေသတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ Winner ကို Note 10+ ကိုပဲ သတ္မွတ္ေပးသြားခဲ့ပါတယ္။

Ref – Droid Life

Unicode

Google ရဲ့ လာမယ့်အောက်တိုဘာလမှာ မိတ်ဆက်လာမယ်လို့ ယူဆရတဲ့ Pixel 4 စမတ်ဖုန်းတွေဟာ အခုအချိန်အထိကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို မကြေညာရသေးပါဘူး။ ဒါပေမယ့် Apple Event ပြုလုပ်တဲ့အချိန်ကစပြီးတော့ ဆက်တိုက်ကို Leak သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် Pixel 4 ဖုန်းတွေထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ Vietnam က Tech Channel တွေကနေ ဆက်တိုက်ကို Hands-on Video တွေ၊ Gaming Test တွေနဲ့ တခြား Pixel 4 Video အများအပြားကိုတင်ထားပြီးလည်းဖြစ်ပါတယ်။ အခုလည်း Google Pixel 4 XL စမတ်ဖုန်းကို Samsung ရဲ့ Galaxy Note 10+ နဲ့ နှိုင်းယှဥ်ထားတဲ့ Video တစ်ခုက ထွက်ပေါ်လာပါပြီ။

ဒီ Galaxy Note 10+ နဲ့ Pixel 4 XL ဖုန်းတွေကို နှိုင်းယှဥ်ထားတဲ့ Video ကိုတော့ မကြာသေးခင်တုန်းက Pixel 4 XL ဖုန်းရဲ့ Gaming Test Video ကို တင်ထားခဲ့တဲ့ Re.lab Channel ကပဲ တင်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Video လိုမျိုးပဲ English Caption ပါဝင်တဲ့အတွက် ကြည့်လို့လည်း အဆင်ပြေမှာပါ။

အခု Video မှာ Pixel 4 XL က Demo Prototype Version တစ်ခုဖြစ်နေတဲ့အတွက် Camera ပိုင်းမှာ Feature အကုန်လုံးကို အသုံးပြုလို့မရသေးတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် Photos ပိုင်းမှာ Galaxy Note 10+ ထက် ပိုသာနေသေးတာကို တွေ့ရပြီးတော့ Video ပိုင်းမှာကတော့ Galaxy Note 10+ က ပိုကောင်းနေတုန်းပါပဲ။

Re.lab Channel ကတော့ Pixel 4 XL သာ Final Version ဖြစ်သွားတဲ့အချိန်ကြရင် Samsung Galaxy Note 10+ ထက် သာသွားမှာကျိန်းသေတယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ Winner ကို Note 10+ ကိုပဲ သတ်မှတ်ပေးသွားခဲ့ပါတယ်။

Ref – Droid Life