Zawgyi

Google Pixel 4 စမတ္ဖုန္းေတြဟာ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမယ္ဆိုတာကို အတည္ျပဳၿပီးျဖစ္ပါတယ္။ ဒါေပမယ့္လည္း Google Pixel 4 Series ဖုန္းေတြက လက္ရွိအခ်ိန္မွာ Leaks သတင္းေတြမ်ိဳးစုံကို ထြက္ရွိေနတာပါ။

မၾကာေသးခင္တုန္းကလည္း Google Pixel 4 XL ဖုန္းရဲ႕ Hands-on Video ေတြ၊ Gaming Test ေတြဆက္တိုက္ထြက္ရွိခဲ့သလို Samsung Galaxy Note 10+ ဖုန္းနဲ႔လည္း Comparison Video တစ္ခုထြက္ခဲ့ပါေသးတယ္။ အခုလည္း Pixel 4 XL နဲ႔ iPhone XS Max ကို ႏႈိင္းယွဥ္ထားတဲ့ Video တစ္ခုက တက္လာျပန္ပါၿပီ။

အခု Video ကို ၿပီးခဲ့တဲ့ Pixel 4 XL နဲ႔ Galaxy Note 10+ ကို ႏႈိင္းယွဥ္ခဲ့တဲ့ YouTube Channel ျဖစ္တဲ့ Re.lab ကေနပဲတင္ထားတာျဖစ္ၿပီးေတာ့ iPhone XS Max နဲ႔ Pixel 4 XL ရဲ႕ ကင္မရာပိုင္းကို ႏႈိင္းယွဥ္ထားတာျဖစ္ပါတယ္။

Pixel 4 XL ဟာ Final မဟုတ္ေသးတဲ့ Prototype Version ျဖစ္ေနေပမယ့္လည္း Photo ပိုင္းမွာ iPhone XS Max နဲ႔ယွဥ္ရင္ သိသိသာသာကို ပိုေကာင္းေနၿပီး Daytime ပိုင္းမွာေရာ၊ Low Light ပိုင္းမွာပါ သာေနတာျဖစ္ပါတယ္။ Video ပိုင္းမွာေတာ့ iPhone XS Max က အနည္းငယ္ပိုသာေပမယ့္ Stabilization မွာေတာ့ Pixel 4 XL က ပိုသာေနတာကိုလည္း ေတြ႕ရပါတယ္။

ဘာပဲျဖစ္ျဖစ္ Pixel 4 XL ဟာ iPhone XS Max ထက္ Camera ပိုင္းကို အဆင့္ျမႇင့္တင္မႈေတြအမ်ားအျပားျပဳလုပ္ထားတဲ့ iPhone 11 Pro နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လာမယ့္ ေအာက္တိုဘာ ၁၅ ရက္ေန႔ေနာက္ပိုင္းမွာ ဘယ္ဖုန္းက ပိုသာမလဲဆိုတာကို ေတြ႕ရေတာ့မွာပါ။

Ref – 9to5Google

Unicode

Google Pixel 4 စမတ်ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google Pixel 4 Series ဖုန်းတွေက လက်ရှိအချိန်မှာ Leaks သတင်းတွေမျိုးစုံကို ထွက်ရှိနေတာပါ။

မကြာသေးခင်တုန်းကလည်း Google Pixel 4 XL ဖုန်းရဲ့ Hands-on Video တွေ၊ Gaming Test တွေဆက်တိုက်ထွက်ရှိခဲ့သလို Samsung Galaxy Note 10+ ဖုန်းနဲ့လည်း Comparison Video တစ်ခုထွက်ခဲ့ပါသေးတယ်။ အခုလည်း Pixel 4 XL နဲ့ iPhone XS Max ကို နှိုင်းယှဥ်ထားတဲ့ Video တစ်ခုက တက်လာပြန်ပါပြီ။

အခု Video ကို ပြီးခဲ့တဲ့ Pixel 4 XL နဲ့ Galaxy Note 10+ ကို နှိုင်းယှဥ်ခဲ့တဲ့ YouTube Channel ဖြစ်တဲ့ Re.lab ကနေပဲတင်ထားတာဖြစ်ပြီးတော့ iPhone XS Max နဲ့ Pixel 4 XL ရဲ့ ကင်မရာပိုင်းကို နှိုင်းယှဥ်ထားတာဖြစ်ပါတယ်။

Pixel 4 XL ဟာ Final မဟုတ်သေးတဲ့ Prototype Version ဖြစ်နေပေမယ့်လည်း Photo ပိုင်းမှာ iPhone XS Max နဲ့ယှဥ်ရင် သိသိသာသာကို ပိုကောင်းနေပြီး Daytime ပိုင်းမှာရော၊ Low Light ပိုင်းမှာပါ သာနေတာဖြစ်ပါတယ်။ Video ပိုင်းမှာတော့ iPhone XS Max က အနည်းငယ်ပိုသာပေမယ့် Stabilization မှာတော့ Pixel 4 XL က ပိုသာနေတာကိုလည်း တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Pixel 4 XL ဟာ iPhone XS Max ထက် Camera ပိုင်းကို အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ထားတဲ့ iPhone 11 Pro နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်းမှာ ဘယ်ဖုန်းက ပိုသာမလဲဆိုတာကို တွေ့ရတော့မှာပါ။

Ref – 9to5Google