နောက်ဆုံးမှာတော့ Google ဟာ သူတို့ရဲ့ 5G စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Google Pixel တွေထဲမှာ Pixel 5 နဲ့ Pixel 4a တို့ဟာ ပထမဦးဆုံး 5G မော်ဒယ်တွေလည်း ဖြစ်လာပါတယ်။ ဒါ့အပြင် Android 11 ကို ပထမဦးဆုံးရမယ့် မော်ဒယ်တွေထဲမှာလည်း ပါဝင်ပါတယ်။

Google Pixel 5 ကတော့ 6.0-inch FHD+ resolution, 90Hz refresh rate နဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန် Chipmaker ရဲ့ နောက်ဆုံးပေါ် အလယ်အလတ်တန်းစား Qualcomm Snapdragon 765G chipset ကိုအသုံးပြုထားပြီး X52 modem နဲ့ဖြစ်ပါတယ်။ Pixel 5 ဗားရှင်းအားလုံးမှာ Sub-6 ကို ထောက်ပံ့ပေးမှာဖြစ်ပြီး အချို့နိုင်ငံတွေက mmWave ကွန်ရက်တွေမှာလည်း အသုံးပြုနိုင်မှာပါ။

Pixel 5 ဟာ 8GB of RAM နဲ့ 128GB storage ကို တွဲဖက်ထားတာဖြစ်ပါတယ်။ ကျောဘက် ကင်မရာတွေကတော့ 12.2MP 1.4um pixel size ကင်မရာနဲ့ 16MP ultrawide-angle ကင်မရာတွေ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,080mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ ကျောဘက် သတ္တုကိုယ်ထည်ပေါ်မှာတော့ Fingerprint sensor ကို တပ်ဆင်ထားတာလည်း တွေ့ရပါတယ်။

အခုအချိန်မှာတော့ ကြိုတင်မှာယူမှုကိုပြုလုပ်ထားနိုင်ပြီဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ သတ်မှတ်ထားတဲ့ နိုင်ငံ ၈ နိုင်ငံမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Google Pixel 5 ရဲ့ တန်ဖိုးကိုတော့ $700 (၉ သိန်း ၁ သောင်းခွဲဝန်းကျင်) သတ်မှတ်ထားပါတယ်။

Google Pixel 4a 5G ဟာ 6.2-inch OLED မျက်နှာပြင်နဲ့ဖြစ်တာကြောင့် 4a ထက် ပိုကြီးလာပါတယ်။ ဒါပေမယ့် Refresh rate ကတော့ ပုံမှန်ဖုန်းတွေအတိုင်း 60Hz ပဲ ထောက်ပံ့ထားပါတယ်။ ကိုယ်ထည်ကလည်း Polycarbonate နဲ့ပဲ ပြုလုပ်ထားတာပါ။ရေနဲ့ဖုန်မှုန့်တွေရဲ့ ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

Pixel 4a 5G မှာလည်း Pixel 5 လိုပဲ Snapdragon 765G chipset အသုံးပြုထားပြီး 6GB of RAM, Storage 128GB နဲ့ တွဲဖက်ပေးထားပါတယ်။ ကင်မရာပိုင်းမှာလည်း 16MP ultrawide နဲ့ 12.2MP ကင်မရာတွေ တပ်ဆင်ပေးထားတာလည်း တူညီပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Punch-hole ထဲမှာ 8MP selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။

ဘက်ထရီပိုင်းမှာတော့ 3,885mAh ပမာဏဖြစ်တာကြောင့် Pixel 5 ထက် အနည်းငယ် သေးငယ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် 18W အမြန်အားသွင်းစနစ် ထောက်ပံ့ထားပါတယ်။ Google Pixel 4a 5G ရဲ့တန်ဖိုးဟာ $500 (၆ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီး ၁၉ ရက်နေ့မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဂျပန်မှာတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။

Ref: Gizmochina