Google ဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက Pixle 5 ကို ဖြန့်ချိခဲ့တာပါ။ အခုတော့ Pixel 5 ရဲ့ ကင်မရာပိုင်းကို DXOMARK က အကဲဖြတ်ပေးထားတဲ့ ရလဒ်တွေ ထွက်ပေါ်လာပါပြီ။ ကင်မရာပိုင်းမှာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်ထားရတဲ့ Pixel 5 ရဲ့ ရလဒ်ဟာ ဒီတစ်ကြိမ်မှာလည်း မျှော်လင့်ထားသလောက် ဖြစ်မလာသေးတာကို တွေ့ရပါတယ်။

Pixel 5 ရဲ့ စုစုပေါင်း DXOMARK ရလဒ်က အမှတ်ပေါင်း ၁၂၀ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Pixel 4 နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၆.၂% တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ Photo, Zoom နဲ့ Video ဆိုပြီး ခွဲလိုက်မယ်ဆိုရင်တော့ ၁၂၉မှတ်၊ ၄၉ မှတ်နဲ့ ၁၀၇ မှတ် အသီသီးရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဝမ်းနည်းစရာက Pixel 4 ရဲ့ စုစုပေါင်းရမှတ် ၁၁၃ မှတ်ထက် ၇ မှတ်ပဲ ပိုတာဖြစ်ပါတယ်။

ဒါ့အပြင် Pixel 5 ရဲ့ Zoom အတွက်ရမှတ်ဟာ ၄၉ မှတ်ပဲရခဲ့တာဖြစ်ပြီး Pixel 4 ကတော့ ရမှတ် ၅၀ အထိ ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိသတ်မှတ်ချက်အရ Pixel 5 ဟာ အဆင့် ၁၅ နေရာမှာရှိနေပြီး ပြီးခဲ့တဲ့နှစ်ကဖြန့်ချိခဲ့တဲ့ Huawei ရဲ့ Mate 30 Pro နောက်ကို ရောက်နေတာလည်း ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ Pixel 5 ရဲ့ အဓိကအားသာချက်ဟာ Exposure, color reproduction နဲ့ Autofocus ပိုင်းတွေဖြစ်ပြီး မူလအရောင်နဲ့အခြေအနေကို အနီးစပ်ဆုံး ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ ရုပ်ငြိမ်ဓါတ်ပုံအတွက် Main နဲ့ Ultra-wide lens တို့က ပုံရိပ်ထုတ်ရာမှာ ကောင်းမွန်အသေးစိတ်ကျတာကိုတွေ့ရပါတယ်။

ဒါပေမယ့် Zoom မှာတော့ ရုန်းကန်နေရပါတယ်။ 2x နဲ့အထက် Zoom ဆွဲတဲ့အခါ Telephoto lens မရှိတဲ့သက်ရောက်မှုကတော့ Noise တွေထတာပါပဲ။ ဒီအချက်ကပဲ Google ကို အထိနာစေတာပါ။ ဒါ့အပြင် Bokeh simulation မှာလည်း ခေါင်းနှစ်လုံးထက်ပိုရင် ရုန်းကန်နေရသေးတယ်လို့ ဆိုပါတယ်။

ဗီဒီယိုပိုင်းမှာတော့ Google ဟာ Autofocus အတွက် စံချိန်သစ်ဖြစ်ပြီး Flagships တန်းဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Huawei Mate 40 Pro နဲ့ အတူတူပဲ Clock 105 Points သာ ဖြစ်ပါတယ်။ ပုံမှန်အလင်းရောင်အောက်မှာ အသေးစိတ်ကျတဲ့ပုံရိပ်ကို ဖမ်းယူနိုင်သလို Exposure နဲ့ Color တွေလည်း ကောင်းမွန်ပါတယ်။ အထူးအားဖြင့်တော့ 4K 30fps mode မှာရတဲ့ Stabilization ဖြစ်ပါတယ်။

Ref: Gizmochina