Pixel 4a 5G က ဒေါ်လာ ၅၀၀ (မြန်မာငွေ ခြောက်သိန်းခွဲခန့်) ကျသင့်မယ်လို့ Google က တရားဝင်အတည်ပြုပြီးသားပါ။ ဒါပေမယ့် သူတို့က Pixel 5 ရဲ့ စျေးကိုတော့ ထုတ်ပြောတာ မရှိသေးပါဘူး။ Snapdragon 765G ချစ်ပ်ဆက် ကို သုံးထားပြီး ကင်မရာ Setup လည်း တူညီနေတဲ့ ဒီဖုန်းနှစ်လုံးက စျေးဘယ်လောက်ထိ ကွာသွားမှာလဲဆိုတာ စဥ်းစားစရာဖြစ်နေပါတယ်။

Leakster Jon Prosser ကတော့ Pixel 5 Memory 128 GB ရဲ့ စျေးကို ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်း ၁ သောင်းဝန်းကျင်) လို့ ထုတ်ပြောလိုက်ပါပြီ။ Vodafone Germany ကနေ ထွက်လာတဲ့ သတင်းအရတော့ ဒီဖုန်းက ယူရို ၆၃၀ (မြန်မာငွေ ၉ သိန်း ၅ သောင်း ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Pixel 5 က 90Hz မျက်နှာပြင် (6.0” 1080p+ panel) နဲ့ ထွက်လာမှာ ဖြစ်ပြီး Pixel 4a 5G ကတော့ 60Hz မျက်နှာပြင် (6.2” 1080p+ panel) နဲ့ ထွက်လာမှာပါ။ Pixel 5 က RAM နဲ့ Storage ပိုင်းမှာ ပိုသာဖို့ရှိတဲ့ အပြင် ကိုယ်ထည်ကလည်း ပိုကောင်းတဲ့ ပုံစံနဲ့ တွေ့ရနိုင်တယ်။ ကိုယ်ထည်မှာ အလူမီနီယံနဲ့ ပလပ်စတစ် ကွာတာမျိုး အပြင် IP Rating လည်း ကွာဟ နိုင်ပါတယ်။ တခြားသော ကွာခြားချက် အနည်းငယ်လည်း ရှိနေနိုင်ပါသေးတယ်။

ဒီလောက်ကွာခြားမှုတွေအတွက် ဒေါ်လာ ၂၀၀ ပိုပေးဖို့ တန်ပြီလားဆိုတာတော့ စဉ်းစားစရာပါပဲ။ ဖုန်း မော်ဒယ် နှစ်မျိုးလုံးက စက်တင်ဘာလ ၃၀ မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Ref – Gsmarena