Google Pixel 5 နဲ့ Pixel 4a 5G ရဲ့ သတင်းတွေ မကြာခဏ ဆိုသလို ပေါက်ကြားထွက်ပေါ်နေပါတယ်။ Google Pixel 5 ကို Pixel 4a 5G နဲ့အတူ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ Pixel 5 ကို အမေရိကန်မှာ ၆၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး ကနေဒါမှာ ဒီထက် ပိုဈေးများမယ်လို့ သိခဲ့ရပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၉ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

အခုတော့ Pixel 5 ကို အောက်တိုဘာလ ၁၅ ရက်နေ့ ရောင်းမှာဖြစ်ပြီး Pixel 4a 5G ကိုတော့ နိုဝင်ဘာလ မတိုင်ခင် ရောင်းမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။  အဲဒီဖုန်း ၂ လုံးကို ကြေညာတဲ့နေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာပဲ ကြိုတင်မှာယူခွင့်ပေးနိုင်ပြီး Pixel 5 အတွက် Just Black နဲ့ Subtle Sage ၂ ရောင် ထုတ်လုပ်ထားမှာပါ။ Pixel 4a 5G အတွက် Just Black ၁ ရောင်ပဲ ထုတ်လုပ်ထားမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ကျမှ ရောင်းနိုင်ပါတယ်။ Clearly White အရောင်လည်း ထွက်လာနိုင်ပါတယ်။

Pixel 4a ရဲ့ အဖြူရောင်ကို ဒီဇင်ဘာလကတည်းက ထွက်ခဲ့တဲ့ ဓါတ်ပုံတွေမှာ တွေ့ခဲ့ရပြီး လိမ္မော်ရောင် ပါဝါခလုတ် တပ်ဆင်ထားပါတယ်။ လက်ရှိမှာ Pixel 4a ကို ဈေးချိုချိုနဲ့ ရောင်းပေးထားတဲ့အတွက် 5G Version ကို စောစော ရောင်းချဖို့ မလိုသေးပါဘူး။ 5G Version ရဲ့ Clearly White ကို ၄၉၉ ဒေါ်လာလောက်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေတဲ့အတွက် မြန်မာငွေ ၆ သိန်းခွဲလောက်ကျသင့်မှာပါ။

Ref : gsmarena