Google ဟာ ဒီနေ့ အောက်တိုဘာလ ၁၉ ရက်‌ေန့ မှာ Pixel 6 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Google အတွက်ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတာဖြစ်သလို Design ၊​ Display နဲ့ Camera ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကအထိ Google Pixel 6 Series ဖုန်းတွေဟာ Feature တွေအပြင် တခြားသော စျေးနှုန်းလိုမျိုး သတင်းတွေဆက်တိုက်ပေါက်ကြားနေခဲ့တာဖြစ်ပါတယ်။​ အခုလည်း US မှာ ရောင်းချသွားဖွယ်ရှိနေတဲ့စျေးနှုန်းက ထပ်မံပေါက်ကြားလာခဲ့ပါပြီ။

ယခုသတင်းကိုတော့ US ရဲ့အရောင်းဆိုင်တစ်ခုဖြစ်တဲ့ Target ရဲ့ Product Listing ကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး ဝယ်ယူနိုင်မယ့်အချိန်ကိုပါ ရေးသားထားတာကြောင့်ဖြစ်နိုင်ခြေများနေပါတယ်။ အဆိုပါ ဖော်ပြချက်အရတော့ Google Pixel 6 ဖုန်းဟာ $599 ပဲ ကျသင့်မှာဖြစ်ပြီး Pixel 6 Pro ဖုန်းဟာ $898 ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။​

ဒီလိုမျိုး စျေးနှုန်းဟာ UK Pricing ဖြစ်တဲ့ €649 နဲ့ €899 နဲ့လည်း ကိုက်ညီမှုရှိတာကြောင့် ဖြစ်နိုင်ခြေအများဆုံး စျေးနှုန်းဖြစ်ပါတယ်။​ တကယ်သာ Google အနေနဲ့ ဒီလိုမျိုးစျေးနှုန်းနဲ့ ရောင်းချသွားမယ်ဆိုရင် တခြား Samsung နဲ့ Apple Flagship ဖုန်းတွေထက် $100 ကနေ $200 ဝန်းကျင်အထိ ပိုသက်သာနေမှာဖြစ်ပါတယ်။

Target ရဲ့ Product Listing အရတော့ Pixel 6 Series ဖုန်းတွေဟာ 128GB Storage ကနေ စတင်မှာဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ တရားဝင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။​

Ref – GSM Arena