Google ကတော့ သူ့ရဲ့ Pixel 6 တွေအတွက် စိတ်အားထက်သန်နေတယ်ဆိုတာကို သိသိသာသာပဲပြသနေပါတယ်။ ကုမ္ပဏီဟာ ဒီဟန်းဆက်တွေရဲ့ Specification တွေနဲ့ Feature တွေကို အကုန်မပြသသေးပေမဲ့ ကြော်ငြာတွေကိုတော့ မသိမသာရော၊ သိသိသာသာရော ပြုလုပ်နေပါတယ်။

အခု XDA-Developers က Pixel 6 duo ရဲ့ ကင်မရာပိုင်းဆိုင်ရာအချက်အလက်တွေကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ အချို့အချက်တွေက မျှော်လင့်မထားတာတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ Pixel 6 မှာ 50MP Samsung အဓိက Sensor နဲ့ 12MP ultra-wide ကင်မရာတွေ ပါဝင်ပါတယ်။ Pixel 6 Pro မှာတော့ 48MP 4x telephoto periscope zoom ကင်မရာ နဲ့ နောက်ထပ် ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ Pixel 6 Pro ရဲ့ Selfie ကင်မရာကတော့ 12MP ဖြစ်ပါတယ်။

ကင်မရာရဲ့ Feature ပိုင်းမှာတော့ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတာကို XDA က ဖော်ပြခဲ့တာပါ။ ဒီလုပ်ဆောင်ချက်တွေဟာ Google camera app တည်ဆောက်မှုကနေ ယိုစိမ့်ထွက်ပေါ်မှုလာတာဖြစ်ပါတယ်။

Wide-angle front camera: Pixel 6 Pro ရဲ့ Code points အထောက်အထားတွေအရ ultra-wide-angle lens ရှိမယ်လို့ သိခဲ့ရပါတယ်။ 0.7x နဲ့ 1.0x Zoom level နှစ်ခုရှိမယ်လို့ XDA က ဖော်ပြထားပါတယ်။

Video recording: အဓိကကင်မရာဟာ 4K video@60fps ထောက်ပံ့ပေးပါလိမ့်မယ်။ Ultra-wide နဲ့ Telephoto ကင်မရာတွေကတော့ 4K@30fps ပဲ ဖြစ်ပါလိမ့်မယ်။ 4K60fps နဲ့ ရိုက်ကူးနေချိန်မှာ အမြင့်ဆုံး Zoom level က 7x ပါ။ 4K ဒါမှမဟုတ် FHD@60fps နဲ့ရိုက်ကူးချိန်မှာ Zoom ကို 20x အထိတင်နိုင်တယ်လို့ သိရပါတယ်။ Still images တွေအတွက်လည်း အလားတူပဲလို့ ဆိုပါတယ်။

Manual white balance: Google အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ကြိုးစားနေပေမဲ့ အဆင်သင့် ဖြစ်မနေသေးပါဘူး။ Developer feature အနေနဲ့ပဲရဦးမယ်လို့ XDA က ခန့်မှန်းတွက်ချက်ထားပါတယ်။

Magic eraser: Code-name “swiss” ဟာ Magic eraser လို့ခေါ်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါဟာ Pixel 6 series အတွက် Tensor Chip ရဲ့ TPU (Tensor Processing Unit) ကြောင့် ပိုတိုးတက်လာမယ်လို့ ယုံကြည်ရပါတယ်။

Face deblur: ဒီလုပ်ဆောင်ချက်ကို Google က အတည်ပြုပြီးပါပြီ။ ဒါဟာ အဓိကကင်မရာက HDR frames တွေကို ဖမ်းနေချိန်မှာ Ultra-wide ကင်မရာကိုသုံးပြီး နောက်ထပ် Frame တွေယူပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ ဒီနောက်မှာ TPU က ကင်မရာနှစ်လုံးရဲ့ အသေးစိတ်အချက်အလက်တွေကတစ်ဆင့် Face deblur ပြုလုပ်တာပါ။

Motion Blur: ဒီလုပ်ဆောင်ချက်သစ်ဟာ Code အရ “creative blur effects to your photos” ဆိုတာကို ရည်ညွှန်းနေပါတယ်။

Nima aesthetic: Motion Photo ဖွင့်ထားချိန်မှာ Google ရဲ့ “Top Shot” လုပ်ဆောင်ချက်နဲ့ ဆက်နွယ်နေပုံရပါတယ်။

Baby mode: ဒါကတော့ Auto-capture လုပ်ဆောင်ချက်က ကလေးငယ်တွေရဲ့ ချစ်စရာကောင်းတဲ့လှုပ်ရှားမှုအခိုက်အတန့်လေးတွေကို အလိုအလျောက် ရိုက်ကူးဖမ်းယူပေးမယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကို XDA ကဖော်ပြထားတာဖြစ်ပြီး အားလုံးဟာ Pixel 6 စီးရီးတွေမှာ အမှန်တကယ်ပါဝင်လာခြင်း ရှိမရှိဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena