Google Pixel 8a ရဲ့ ဓါတ်ပုံနဲ့ Specs  သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ Tensor G3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Best Take, Audio Magic Eraser နဲ့ Night Sight စတဲ့ လုပ်ဆောင်ချက်တွေပါတဲ့ “AI-mazing” ကင်မရာ ၁ လုံး ပါလာမှာပါ။

ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောရင် အသံ ကြည်လင်ပြတ်သားစေတဲ့ “Crystal-clear Calls” လုပ်ဆောင်ချက် ထည့်သွင်းထားမှာပါ။ အားသွင်းနှုန်း လျှင်မြန်ပြီး တစ်နေ့လုံး ဘက်ထရီ အသုံးခံမှာ ဖြစ်ပါတယ်။ IP67 ရေစိုခံစံနှုန်း ပါလာမှာ ဖြစ်ပြီး Pixel 8 နဲ့ 8 Pro မှာလို Security Update ကို ၇ နှစ်‌တောင် ရမှာ ဖြစ်ပါတယ်။

Pixel 8a ကို မေလ ၁၆ ရက်နေ့မှာ ရောင်းချနိုင်ပြီး မေလ ၁၄ ရက်နေ့ Google I/O Developer Conference မှာ ကြေညာမှာ ဖြစ်ပါတယ်။

အရင်ပေါက်ကြားသတင်းအရ Pixel 8a မှာ 6.1” OLED Screen , 90Hz Refresh Rate , 8GB RAM , 128GB Base Storage ပါလာမှာပါ။ 64MP Main , 13MP Ultrawide ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး 27W Wired Charging ထောက်ပံ့တဲ့ 4,500mAh Battery ထည့်သွင်းထားမှာပါ။

Ref : gsmarena