Forbes ရဲ့ သတင်းထောက် Jay McGregor က Google ဟာ Pixel Buds အတွက် လုပ်ဆောင်ချက် အသစ်တွေပါတဲ့ Feature Drop ကို ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Google ဟာ Pixel Device တွေအတွက် Feature Drop ကို ထည့်သွင်းပေးခဲ့ပေမယ့် Pixel Buds အတွက် ဒါဟာ ပထမဆုံးပါ။

Feature Drop မှာ ဘာတွေ ပါလာမလဲ ဆိုတာ မသိရသေးပေမယ့် Pixel Buds ရဲ့ အသံအရည်အသွေးကို ချိန်ညှိနိုင်မယ့် EQ Settings အသစ်ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်က အသံတွေအပေါ်မူတည်ပြီး နားကြပ်ရဲ့ အသံကို အတိုး၊ အလျှော့လုပ်ပေးတဲ့ Adaptive Sound ကိုလည်း ပြင်ဆင်ထားနိုင်သလို ဘက်ထရီ သက်တမ်းကိုလည်း ပိုကောင်းအောင် လုပ်ထားနိုင်ပါတယ်။ Google ဟာ အသံပြတ်တောက်တဲ့ ပြဿနာကိုလည်း ဖြေရှင်းထားနိုင်ပါတယ်။

Google Pixel Buds အတွက် အရောင်အသစ်တွေကို နောက်လမှာ ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်နေပြီး စုစုပေါင်း အရောင် အသစ် ၄ ခုထွက်လာနိုင်ပါတယ်။

MadeByGoogle Event မှာ Pixel 4a , 5 နဲ့ Nest တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ ပွဲကို အောက်တိုဘာလမှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာ စောစော ကျင်းပနိုင်တယ်လို့  ကျွမ်းကျင်သူ ၁ ယောက်က သုံးသပ်ပါတယ်။

Ref : gsmarena