Android Auto ပါတဲ့ကားတွေအများကြီးရှိပါတယ်။ Android Auto ကို Google ကမိတ်ဆက်ပေးခဲ့တဲ့နောက်ပိုင်း ကားထုတ်လုပ်တဲ့ကုမ္ပဏီတော်တော်များများက သူတို့ကားတွေမှာ Andorid Auto Support လုပ်လာကြပါတယ်။

ှ

Source : Android Central

Google ရဲ့ Android OS နဲ့ပတ်သက်ရင် Feature အသစ်တွေထွက်တိုင်း အရင်အသုံးပြုလို့ရတဲ့ဖုန်းတွေက Nexus နဲ့ Pixel ဖုန်းတွေပါ။ အခုလည်း Google ရဲ့ Android Auto နဲ့ပတ်သက်လို့ နောက်ဆုံးထပ်ထည့်ပေးလိုက်တဲ့ Feature အသစ်ကို Nexus ဖုန်းတွေနဲ့ Pixel ဖုန်းတွေမှာသုံးလို့ရလာပါပြီ။

Android Auto အတွက် Feature အသစ်ကတော့ Wireless သုံးလို့ရလာနိုင်စေတာပါ။ အရင်ကတော့ Android Auto သုံးဖို့အတွက် USB ကြိုးသုံးပြီး ဖုန်းနဲ့ ကားနဲ့တွဲရပါတယ်။ အခုတော့ Wireless Mode ကို Google ကထည့်ပေးလိုက်တာကြောင့် USB ကြိုးကြီး ထိုးထားစရာမလိုတော့ပါဘူး။

လောလောဆယ်တော့ Wireless Android Auto Feature ကို Google ရဲ့ Android Oreo Version နဲ့အထက်တင်ထားတဲ့ Nexus 5X, Nexus 6P နဲ့ Google Pixel ဖုန်းတွေအားလုံးမှာ သုံးလို့ရပါတယ်။ ကားပေါ်မှာတော့ Anroid Auto Wireless Connection ကိုသုံးလို့ရမယ့် ရမယ့် JVC, Kenwood စတဲ့ စက်တစ်ခုခုကိုသုံးထားတဲ့ကားမှ အဆက်ပြေမှာပါ။