Zawgyi

Google ရဲ႕ တတိယမ်ိဴးဆက္ စမတ္ဖုန္းေတြကို မၾကာခင္ ျမင္ေတြ႕ရေတာ့မယ္ ဆိုေပမယ့္ Pixel 3 | 3 XL တို႔ရဲ႕ သတင္းေတြကေတာ့ ထြက္ၿပီးရင္း ထြက္ေနဆဲပါ။ ဒီေန႔မွာလည္း Hong Kong က စတိုးဆိုင္ တစ္ဆိုင္မွာ Pixel 3 XL စမတ္ဖုန္းေတြကို ေဟာင္ေကာင္ေငြ ၁၅,၈၈၀ ေဒၚလာ (ျမန္မာေငြ သိန္း ၃၀ ဝန္းက်င္)နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ နည္းပညာ မီဒီယာႀကီး တစ္ခုျဖစ္တဲ့ Engadget ကလည္း အဆိုပါ စတိုးဆိုင္က စမတ္ဖုန္းကို ငွားရမ္းၿပီး Hands-on Video လုပ္ခဲ့ပါေသးတယ္။

Hong Kong စတိုးဆိုင္မွာ ေရာင္းခ်ေနတဲ့ Pixel 3 XL ရဲ႕ ေစ်းႏႈန္းက အံ့ၾသစရာပါ။ အဆိုပါ ေစ်းႏႈန္းက သာမန္ထက္ ၂ဆနီးပါး ပိုမ်ားေနတဲ့ ပမာဏျဖစ္ႏိုင္ၿပီး Google ဘက္ကလည္း တရားဝင္ မိတ္မဆက္ရေသးတဲ့အတြက္ ေရာင္းခ်င္တဲ့ ေစ်းနဲ႔ ေရာင္းေနတဲ့ အေနအထားပါ။ Pixel 3 | 3 XL တို႔ကို ပိုင္ရွင္က တရားဝင္ မိတ္မဆက္ရေသးေပမယ့္ အဆိုပါ စမတ္ဖုန္းေတြရဲ႕ Unboxing, First Impression နဲ႔ Review Video ေတြကေတာ့ အြန္လိုင္းေပၚမွာ ျပန္႔ႏွံ႔လို႔ ေနပါတယ္။ ဒါ့အျပင္ Black Market နဲ႔ စတိုးဆိုင္ေတြမွာလည္း ေပၚတင္ ေရာင္းခ်ေနတာကို အားလုံး သိၿပီး ျဖစ္မွာပါ။ ဒီကိစၥေတြကို Google ဘက္က မသိစရာ အေၾကာင္းအရင္း လုံးဝ မရွိပါဘူး။ သိသိႀကီးနဲ႔ လက္ပိုက္ၾကည့္ေနတာပဲ ျဖစ္ႏိုင္ပါတယ္။ ေသခ်ာပါတယ္ Google က တစ္ကြက္လ်ိဴထားၿပီး ကြၽန္ေတာ္တို႔ေတြကို အ႐ူးကြက္ နင္းေနတာ ျဖစ္ႏိုင္ပါတယ္။

Pixel 3 | 3XL စမတ္ဖုန္းေတြဟာ ကြၽန္ေတာ္တို႔ ထင္ထားသလို ျဖစ္လာမလား၊ ျဖစ္မလာဘူးလား ဆိုတာကိုေတာ့ Google ရဲ႕ Hardware event ကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေအာက္တိုဘာလ ၉ရက္ေန႔မွာ က်င္းပသြားမယ့္ Google event ႀကီးကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းေနတာ အမွန္ပါပဲ။

Ref: androidpolice

Unicode

Google Pixel 3 XL ကို Hong Kong က ဆိုင်တစ်ဆိုင်မှာ ရောင်းချနေ

Google ရဲ့ တတိယမျိူးဆက် စမတ်ဖုန်းတွေကို မကြာခင် မြင်တွေ့ရတော့မယ် ဆိုပေမယ့် Pixel 3 | 3 XL တို့ရဲ့ သတင်းတွေကတော့ ထွက်ပြီးရင်း ထွက်နေဆဲပါ။ ဒီနေ့မှာလည်း Hong Kong က စတိုးဆိုင် တစ်ဆိုင်မှာ Pixel 3 XL စမတ်ဖုန်းတွေကို ဟောင်ကောင်ငွေ ၁၅,၈၈၀ ဒေါ်လာ (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်)နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပညာ မီဒီယာကြီး တစ်ခုဖြစ်တဲ့ Engadget ကလည်း အဆိုပါ စတိုးဆိုင်က စမတ်ဖုန်းကို ငှားရမ်းပြီး Hands-on Video လုပ်ခဲ့ပါသေးတယ်။

 

Hong Kong စတိုးဆိုင်မှာ ရောင်းချနေတဲ့ Pixel 3 XL ရဲ့ စျေးနှုန်းက အံ့သြစရာပါ။ အဆိုပါ စျေးနှုန်းက သာမန်ထက် ၂ဆနီးပါး ပိုများနေတဲ့ ပမာဏဖြစ်နိုင်ပြီး Google ဘက်ကလည်း တရားဝင် မိတ်မဆက်ရသေးတဲ့အတွက် ရောင်းချင်တဲ့ စျေးနဲ့ ရောင်းနေတဲ့ အနေအထားပါ။ Pixel 3 | 3 XL တို့ကို ပိုင်ရှင်က တရားဝင် မိတ်မဆက်ရသေးပေမယ့် အဆိုပါ စမတ်ဖုန်းတွေရဲ့ Unboxing, First Impression နဲ့ Review Video တွေကတော့ အွန်လိုင်းပေါ်မှာ ပြန့်နှံ့လို့ နေပါတယ်။ ဒါ့အပြင် Black Market နဲ့ စတိုးဆိုင်တွေမှာလည်း ပေါ်တင် ရောင်းချနေတာကို အားလုံး သိပြီး ဖြစ်မှာပါ။ ဒီကိစ္စတွေကို Google ဘက်က မသိစရာ အကြောင်းအရင်း လုံးဝ မရှိပါဘူး။ သိသိကြီးနဲ့ လက်ပိုက်ကြည့်နေတာပဲ ဖြစ်နိုင်ပါတယ်။ သေချာပါတယ် Google က တစ်ကွက်လျိူထားပြီး ကျွန်တော်တို့တွေကို အရူးကွက် နင်းနေတာ ဖြစ်နိုင်ပါတယ်။

Pixel 3 | 3XL စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ ထင်ထားသလို ဖြစ်လာမလား၊ ဖြစ်မလာဘူးလား ဆိုတာကိုတော့ Google ရဲ့ Hardware event ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အောက်တိုဘာလ ၉ရက်နေ့မှာ ကျင်းပသွားမယ့် Google event ကြီးကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။

Ref: androidpolice