Online Music Streaming Service တွေခေတ်စားလာချိန်မှာ နောက်ကျကျန်နေခဲ့တာကတော့ Google ပါ။ Google အနေနဲ့တော့အခုချိန်အထိ လူအများစိတ်ဝင်စားမယ့် Music Streaming Service ကောင်းကောင်းတစ်ခုကို မဖန်တီးနိုင်သေးပါဘူး။ Apple, Spotify, Amazon, Tidal စတဲ့ Online Music Streaming Service ပိုင်းမှာ ရှေ့ရောက်နေသူတွေနဲ့ယှဉ်ရင် Google ကနောက်မှာကျန်ခဲ့ပါပြီ။

Source : Android Central

YouTube ကိုပဲမှီခိုနေတဲ့ Google အနေနဲ့တော့ Google Play Music ကိုပိုကောင်းအောင်လုပ်သင့်နေပါပြီ။ အဲ့ဒီအတွက် Google ရဲ့ Plan ကတော့ ဒီနှစ်ကုန်မှာ Music Streaming Service အသစ်တစ်ခုကို စတင်ဖို့ရှိပါတယ်။ အဲ့ဒါကတော့ YouTube Remix ပဲဖြစ်ပါတယ်။ YouTube Remix ကတော့ YouTube နဲ့ Google Play Music ကိုပေါင်းထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်လို့ သတင်းထွက်ထားပါတယ်။

YouTube Remix က YouTube မှာရှိတဲ့ Music Video တွေနဲ့ Google Play Music မှာရှိတဲ့သီချင်းတွေကို ပေါင်းပြီး Streaming Service အသစ်တစ်ခုအနေနဲ့ဖြစ်လာမှာပါ။ Apple Music ရဲ့ အဓိကပြိုင်ဖက်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ YouTube Remix ကို Google ကစမ်းသပ်နေခဲ့တာ 2017 ကတည်းကပါ။ 2018 အတွင်းမှာ YouTube Remix ကိုအသုံးပြုနိုင်မယ်လို့ ပြောခဲ့ပေမယ့် တစ်ကယ်တမ်းဖြစ်မလာခဲ့ပါဘူး။

Source : YouTube

လက်ရှိအခြေအနေမှာတော့ YouTube Remix လို့တစ်ကယ်ဖြစ်လာမယ်လို့ သေခြာမပြောနိုင်သလို Service အသစ်တစ်ခုကို သေသေခြာခြာ ချပြလာနိုင်မလားဆိုတာလည်း ပြောလို့မရပါဘူး။ Amzon ကတော့ အရင်က Music Service တစ်ခုဖြစ်တဲ့ Cloud MP3 Storage and Streaming ကိုပိတ်သိမ်းလိုက်ပါပြီ။ Google အနေနဲ့လည်း Apple Music နဲ့ Spotify တို့ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် Music Streaming Service ကောင်းတစ်ခုကို ဖန်တီးသင့်နေပါပြီ။