Google  က ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ Play Store က App နဲ့ Game တွေကို အခကြေးငွေပေးပြီး ကစားနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်တဲ့ Play Pass ကို စတင် ပြုလုပ်ပေးခဲ့ပါတယ်။ ၁ လကို ၄.၉၉ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပြီး ကြော်ငြာတွေ၊ In-app Purchases နဲ့ တခြား Payments တွေ မပါဘဲ App ပေါင်း ၃၅၀ ကျော်ကို ကစားနိုင်၊ အသုံးပြုနိုင်ပါတယ်။ ဒီနှစ် ဇူလိုင်လမှာတော့ ပိုသက်သာတဲ့ နှစ်စဉ်ကြေး ၂၉.၉၉ ဒေါ်လာနဲ့ ကစားနိုင်ဖို့ ပြုလုပ်ပေးခဲ့ပါတယ်။

အစောပိုင်းမှာ USA မှာတင်ပဲ Play Pass ဝန်ဆောင်မှုကို သုံးနိုင်ခဲ့ပေမယ့် ဇူလိုင်လမှာ Australia, Canada, France, Germany, Ireland, Italy, New Zealand, Spain နဲ့ UK တို့မှာ တိုးချဲ့ ဝန်ဆောင်မှုပေးခဲ့ပါတယ်။ အခု‌တော့ နောက်ထပ် နိုင်ငံ ၂၄ ခုမှာ သုံးနိုင်ပါပြီ။

အဲဒီနိုင်ငံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Austria

Belgium

Bulgaria

Croatia

Cyprus

Czech Republic

Denmark

Estonia

Finland

Greece

Hungary

Latvia

Liechtenstein

Lithuania

Luxembourg

Malta

Netherlands

Norway

Poland

Portugal

Romania

Slovakia

Slovenia

Sweden

အဲဒီ နိုင်ငံတွေမှာ နေထိုင်သူတွေဟာ ကြော်ငြာနဲ့ In-app Purchases တွေ မပါဘဲ ဂိမ်းပေါင်း ၃၅၀ ကို စိတ်ကြိုက်ကစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တခြား နိုင်ငံတွေအတွက် Play Pass ကို တိုးချဲ့ ဝန်ဆောင်မှုပေးမှာပါ။

Ref : gsmarena