Zawgyi
Apple ကနေ iPhone 11 စမတ်ဖုန်းတွေနဲ့အတူ ဒီနှစ်ရဲ့ Apple Event မှာ Offline ပါဆော့ကစားနိုင်တဲ့ Exclusive Games တွေကို တစ်လ $4.99 နဲ့ အသုံးပြုနိုင်မယ်ဆိုတာကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Apple Arcade ကို ယှဉ်ပြိုင်တော့မယ့် Service တစ်ခုကိုလည်း Google ကနေ မိတ်ဆက်လာတော့မှာပါ။
ဒီ Google Play Pass Subscription ကလည်း ဈေးနှုန်းအနေနဲ့ဆိုရင် တစ်လကို $4.99 ပေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ သတင်းအတိအကျကို မသိရှိရသေးပေမယ့် Monument Valley ၊ Stardew Valley နဲ့ Threes လိုမျိုး နာမည်ကြီး Game တွေ ပါဝင်လာမှာဖြစ်ပါတယ်။
Ref – The Verge
Unicode
Apple ကနေ iPhone 11 စမတ်ဖုန်းတွေနဲ့အတူ ဒီနှစ်ရဲ့ Apple Event မှာ Offline ပါဆော့ကစားနိုင်တဲ့ Exclusive Games တွေကို တစ်လကို $4.99 နဲ့ အသုံးပြုနိုင်မယ်ဆိုတာကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Apple Arcade ကို ယှဥ်ပြိုင်တေ့ာမယ့် Service တစ်ခုကိုလည်း Google ကနေ မိတ်ဆက်လာတော့မှာပါ။
အခု Service ကတော့ Google Play Pass ပဲဖြစ်ပြီးတော့ ယခင်ထဲက အခု Service အကြောင်းကို သတင်းတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကိုယ်တိုင်ကနေ Google Play Pass က မကြာခင်မှာမိတ်ဆက်တော့မယ်ဆိုပြီး Twitter Account မှာ တင်ထားခဲ့လိုက်တာပါ။
Apple Arcade ဟာ iOS ၊ MacOS နဲ့ iPadOS တွေအတွက် သီးသန့် Exclusive Game တွေကို ဆော့ကစားနိုင်တဲ့ Game Subscription Service တစ်ခုဖြစ်ပြီးတော့ Offline အနေနဲ့ပါ ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ Google Play Pass က လစဥ်ကြေးပေးလိုက်ရုံနဲ့ လက်ရှိ Paid Android Games တွေကို ဆော့ကစားနိုင်မယ့် ပုံစံပါပဲ။
ဒီ Google Play Pass Subscription ကလည်း စျေးနှုန်းအနေနဲ့ဆိုရင် တစ်လကို $4.99 ပေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ သတင်းအတိအကျကို မသိရှိရသေးပေမယ့် Monument Valley ၊ Stardew Valley နဲ့ Threes လိုမျိုး နာမည်ကြီး Game တွေ ပါဝင်လာမှာဖြစ်ပါတယ်။
Google ဟာ မကြာခင်မှာ Google Pixel 4 စမတ်ဖုန်းတွေကိုလည်း လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်သွားမှာဖြစ်တဲ့အတွက် အဆိုပါ အချိန်မှ တစ်ခါတည်း ဒီ Google Play Pass ကိုပါ မိတ်ဆက်လာဖို့များနေပါတယ်။
Ref – The Verge