Google Play Store မှာ ID Card အတုတွေကို ပြုလုပ်နိုင်တဲ့ Fake ID Apps တွေကို မြင်ဖူးကြမှာပါ။ အဆိုပါ Application ဟာ ပျော်ရွှင်ဖို့တင်မဟုတ်ပဲနဲ့ တခါတလေမှာ Credit Card Information တွေ၊ Passport တွေကို အတုပြုလုပ်နိုင်သလိုမျိုး ပြုလုပ်နိုင်နေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး ID အတုတွေကို ပြုလုပ်တာမျိုးက Google ရဲ့ Developer Policy ကို ချိုးဖောက်တာဖြစ်တယ်လို့ Google ကပြောကြားခဲ့တာဖြစ်ပြီး အခုလိုမျိုး ဖယ်ရှားမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Google ရဲ့ ဖော်ပြချက်အရတော့ Play Store မှာ ရှိနေတဲ့ Fake ID Apps ၇ သိန်းကျော်ကို ဖယ်ရှားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ ယခင်ကလည်း အခုလိုမျိုး Fake Applications တွေ အသုံးမဝင်တဲ့ Applications တွေကို ဖယ်ရှားခဲ့ဖူးပြီးတော့ အခုတစ်ကြိမ်မှာတော့ Fake ID Apps တွေကိုပဲ ဖယ်ရှားတာဖြစ်ပါတယ်။

Google ကတော့ သူရဲ့ Google Play Store မှာ Applications တွေကို တတ်နိုင်သလောက်ရှင်းလင်းရေးလုပ်ပေးနေပေမယ့်လည်း အခုအချိန်အထိတော့ Face ID Apps တွေအပါအဝင် အခြားသော အသုံးမဝင်တဲ့ Applications တွေအများအပြားကျန်နေတာကို တွေ့နေရသေးပါတယ်။

ဘာပဲဖြစ်ဖြစ် Google Play Store မှာ Application တွေကို Download ရယူမယ်ဆိုရင် Application ထုတ်လုပ်တဲ့ Developer ကိုပါ စစ်ဆေးတာက အကောင်းဆုံးဖြစ်မှာပါ။