[Zawgyi]

Google အေနနဲ႔ Project Soli ဆိုတဲ့ Radar Chip အေၾကာင္းကို လြန္ခဲ့တဲ့ ၂၀၁၅ခုႏွစ္တုန္းက က်င္းပခဲ့တဲ့ Google I/O မွာ ေၾကညာခဲ့ဖူးပါတယ္။ Radar Chip ဟာ Button ဒါမွမဟုတ္ Touch Screen ကို လက္နဲ႔ ထိၿပီး ထိန္းခ်ဴပ္ရမယ့္အစား လက္နဲ႔ ထိစရာမလိုဘဲ ေလထဲကေန ဟန္အမူအရာျပၿပီး ထိန္းခ်ဴပ္ႏိုင္ေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

၂၀၁၆ခုႏွစ္ ေရာက္ရွိတဲ့ အခါမွာေတာ့ Google ဟာ အဆိုပါ Chip ကို စမတ္နာရီနဲ႔ စမတ္စပီကာေတြမွာ အသုံးျပဳလို႔ ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ အေၾကာင္းအရင္းကေတာ့ Display Size အရမ္းေသးငယ္တဲ့ ထုတ္ကုန္ေတြကို လက္နဲ႔ ထိေတြ႕အသုံးျပဳတဲ့ အခါမွာ အခက္အခဲရွိတဲ့အတြက္ ေလထဲကေန လက္နဲ႔ ထိန္းခ်ဴပ္ႏိုင္ေအာင္ ေျပာင္းလဲေပးခ်င္တာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ၂၀၁၆ခုႏွစ္ေနာက္ပိုင္းကစၿပီး Project Soli နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြဟာ နည္းပညာေလာကထဲမွာ တိမ္ျမဳပ္သြားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ Google အေနနဲ႔ Radar Chip ကို သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Google Pixel 4 မွာ ထည့္သြင္း အသုံးျပဳထားႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။ အဆိုပါ Chip ဟာ Pixel 4 အတြက္ ဘယ္ေလာက္ထိ အသုံးဝင္မလဲဆိုတာကို အတိအက် မသိရေသးေပမယ့္ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Gesture-based UI Control အတြက္ အဓိကထား အသုံးျပဳႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : 9To5Google

[Unicode]

လေထဲကနေ လက်ဟန်ပြပြီး ထိန်းချူပ် အသုံးပြုနိုင်မယ့်စနစ် Google Pixel 4 မှာ ပါဝင်လာနိုင်

Google အနေနဲ့ Project Soli ဆိုတဲ့ Radar Chip အကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Google I/O မှာ ကြေညာခဲ့ဖူးပါတယ်။ Radar Chip ဟာ Button ဒါမှမဟုတ် Touch Screen ကို လက်နဲ့ ထိပြီး ထိန်းချူပ်ရမယ့်အစား လက်နဲ့ ထိစရာမလိုဘဲ လေထဲကနေ ဟန်အမူအရာပြပြီး ထိန်းချူပ်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ် ရောက်ရှိတဲ့ အခါမှာတော့ Google ဟာ အဆိုပါ Chip ကို စမတ်နာရီနဲ့ စမတ်စပီကာတွေမှာ အသုံးပြုလို့ ရကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ အကြောင်းအရင်းကတော့ Display Size အရမ်းသေးငယ်တဲ့ ထုတ်ကုန်တွေကို လက်နဲ့ ထိတွေ့အသုံးပြုတဲ့ အခါမှာ အခက်အခဲရှိတဲ့အတွက် လေထဲကနေ လက်နဲ့ ထိန်းချူပ်နိုင်အောင် ပြောင်းလဲပေးချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၆ခုနှစ်နောက်ပိုင်းကစပြီး Project Soli နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာ နည်းပညာလောကထဲမှာ တိမ်မြုပ်သွားခဲ့ပါတယ်။

ဒီနေ့မှာတော့ Google အနေနဲ့ Radar Chip ကို သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Google Pixel 4 မှာ ထည့်သွင်း အသုံးပြုထားနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဆိုပါ Chip ဟာ Pixel 4 အတွက် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာကို အတိအကျ မသိရသေးပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Gesture-based UI Control အတွက် အဓိကထား အသုံးပြုနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : 9To5Google