Google Pixel 4a စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး စျေးနှုန်းအနေနဲ့ $349 ပဲရှိခဲ့တဲ့အတွက် Mid Range ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးလို့တောင် သတ်မှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Design ပိုင်း၊ Camera ပိုင်းနဲ့ Battery ပိုင်းမှာလည်း ပြီးခဲ့တဲ့ Pixel 3a ဖုန်းထက် သိသိသာသာကို ပိုကောင်းမွန်ခဲ့တာပါ။

ဒါပေမယ့်လည်း Pixel 4a စမတ်ဖုန်းမှာ အားနည်းချက်တစ်ခုရှိခဲ့ပြီး ဒါကတော့ Google ကနေ “Just Black” ဆိုပြီး အရောင်တစ်မျိုးပဲ ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသောအရောင်နဲ့ Pixel 4a ကို ဝယ်ယူချင်တဲ့သူတွေအတွက် ရွေးချယ်စရာမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ Google ကနေ Pixel 4a အတွက် Limited Edition “Barely Blue” အရောင်အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ အဆိုပါ Barely Blue အရောင်အသစ်ဟာ နာမည်အတိုင်းပဲ အဖြူနဲ့ ပိုနီးစပ်တဲ့ အပြာဖျော့ဖျော့အရောင်ဖြစ်ပြီး အနက်ရောင်ထက်တော့ ပိုပြီး ကြည့်လို့ကောင်းနေပါတယ်။

ဒီလိုမျိုး Barely Blue အရောင်အသစ်ဟာ Limited Edition ဖြစ်တဲ့အတွက် ဘယ်အချိန်အထိရောင်းချသွားမလဲဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် စျေးနှုန်းအနေနဲ့ကတော့ ပြောင်းလဲခြင်းမရှိဘဲ $349 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) နဲ့ပဲ ဆက်လက်ရောင်းချသွားမှာဖြစ်ပါတယ်။

Google Pixel 4a စမတ်ဖုန်းဟာ 5.8″ Full HD+ Display ၊ Qualcomm Snapdragon 730G Chipset ၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 12.2MP Single Back Camera ကို အသုံးပြုထားတာဖြစ်ပြီး Selfie Camera ကိုတော့ 8MP Sensor ကို Punch-hole Design နဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3140mAh Battery ပါဝင်မှာပါ။

Ref – 9to5Google